Episode 2

382 31 2
                                    

နှစ်တစ်ရာလန်းမဲ့မေတ္တာပန်းEp 2

( သစ်ခက်တိူ့ရဲ့အဆောင်မှူး ဒေါ်ခင်ရတနာကို ခင်လို့မခေါ်တော့ပဲ ရတနာလို့ပဲခေါ်မယ်နော် )
သစ်ခက်တို့လဲကျောင်းဖွင့်လေသည် သစ်ခက်တို့ကျောင်းက မနက်ခင်းက၅တန်းကနေ ၁၀တန်းထိတတ်ရပြီး ညနေဘက်က မူလတန်းကလေးတွေတတ်ရသည်ည် အိမ်မှာဆို အမြဲနောက်ကျမှအိပ်ရာထတတ်သောသစ်ခက်တယောက်က် ကျောင်းတွေစဖွင့်ကတည်းက မနက်၅နာရီဆိုထရသည် သစ်ခက်ဆိုအမြဲ နောက်ကျနေတတ်သည် မနက်ခင်းဆိုစာသင်ချိန်က ၆နာရီခွဲကနေ၇နာရီခွဲထိတချိန် ၇နာရီခွဲကနေ၈နာရီခွဲထိတချိန်သင်ကျရသည် ဒီလိုပင်ပန်းလို့သစ်ခက်ကပိန်လာဆိုတော့မပိန်ပေ ပိုပြီးတောင်ပြည့်လာသေးသည်
အခုလဲ၇နာရီခွဲတချိန်ပြီးလို့ ခိုင်ကိုကြိုနေသောသစ်ခက် မိနစ်နည်းနည်းကျော်မှရောက်လာကာ နှစ်ယောက်သားစာသင်ခန်းထဲဝင်ပြီး ဒီနေ့ကစာသင်သည့်ရက်မဟုတ်ပေ စာမေးသည့်ရက်ပင် စာမေးသည့်ရက်ဆို သစ်ခက်ကအမြဲလိုလို အရင်သွားဆိုတတ်သည်
" ရန်ကုန်သူ သမီးရှေ့ကဟာတွေပြန်နွေးထားအုံးနော် ခေါင်းစဥ်နာမည်ပါ တွဲကျက်နော် " သစ်ခက်လဲ ဟုတ် ဟုပြောကာ နေရာပြန်လာပြီး စာကျက်နေတော့သည်  ခိုင်လဲအချိန်ပြီးတော့ ရတနာဆီခနသွားကာစကားပြောနေသည်  သစ်ခက်ကလဲ ကျောင်းသွားဖို့ကိုပြင်နေလေသည် သစ်ခက်လဲပြင်ပြီး အဆောင်ကအထွက် ခိုင်နဲ့တွေ့ကာ
" ရန်ကုန်သူ ဆရာမနဲ့လိုက်ခဲ့လေ သမီး"
" ဟို အားနာလို့ ဟီး" ဆံပင်လေးကိုကိုင်ကာရီပြတော့
" ဟီးမနေနဲ့ လာ ဟိုမှာကားကသွားပြီ လမ်းလျှောက်လိုက်ခဲ့မှာလား"  ပြောပြီးခိုင်ကာအရှေ့ကနေသွားသည်
" လာပြီ ဆရာမကလဲ အဝေးကြီးကို မလျှောက်နိုင်ဘူးလေ " ဆိုကာ ခိုင်နောက်လိုက်ရင်းပြောတော့
" အာ့ဒါဆိုလဲ ကျုပ်နဲ့လိုက်ခဲ့ပေါ့ ရန်ကုန်သူရယ်" ခိုင်မှဆိုင်ကယ်စက်နှိုးရင်းပြောတော့ သစ်ခက်ဘဲ ဆိုင်ကယ်ပေါ်တတ်တာ လိုက်သွားသည် သစ်ခက်ကခိုင်ပုခုံးကိုမထိတထိနဲ့ကိုင်တော့ ခိုင်မှလီဘာဆွဲလိုက်တော့ ခိုင်ပုခုံးပေါ်ကလက်ကခိုင်းခါးကိုအတင်းဖက်ထားသည်
" ဆရာမကလဲ ဖြေးဖြေးမောင်းပါ သစ်ခက်ကဆိုင်ကယ်မစီးရဲဘူး ရန်ကုန်မှာလဲတခါမှမစီးဖူးဘူး" ဆိုကာပြောတော့
" နောက်စီးရဲအောင် ဆရာမအချိန်ပါရင်ဆရာမနဲ့လိုက်ခဲ့နော် " ပြောတော့
" ဆရာမ အရမ်းမမောင်းရင်လိုက်ခဲ့မယ်"
" ဟုတ်ပါပြီ ရန်ကုန်သူရယ် " လို့​သစ်ခက်ဘက်ကိုတစောင်းလေးလှည့်ပြောတော့ သစ်ခက်မှ ဟုတ် ဟုသာပြောလေသည်
ခိုင်တို့ကျောင်းထဲဝင်လာတော့ တော်တော်များများကဝိုင်းုင်းကြည့်နေကျသည် ခိုင်လဲခိုင်တို့အခန်းရှေ့ရှိ သစ်ပင်အောက်မှာ ဆိုင်ကဟ်ရပ်တော့ သစ်ခက်လဲဆင်းကာ ခိုင်အိတ်ကိုယူဖို့အလုပ်
" ရတယ် ဆရာမနားနေခန်းထဲသွားအုံးမယ် " ပြုံးကာပြောတော့ သစ်ခက်လဲခေါင်းငြိမ့်ပြကာ အခန်းထဲဝင်လာသည် အခန်းထဲဝင်လာတော့ သရဖီမှသစ်ခက်ကိုဆွဲခေါ်ကာ
" ငါ နင့်ကိုကျန်ခဲ့ပြီမှတ်နေတာ သစ်ခက်ရယ်"
" နင်ကစောင့်မှမစောင့်တာကိုး "
" နင်ကလဲ ကျောင်းစိမ်းကအစတည်းကမလဲထားပဲနဲ့ သူ့ဟာသူ အိပ်ရာထနောက်ကျပြီး"
" နင်ကလဲ ငါကအိပ်ရေးမက်တာကိုးဟ "
" အာ့တာနောက်ထား Ecoဆရာမကိုနင်ကလိုက်ခဲ့မယ်ပြောတာလား "
" မဟုတ်ပါဘူး ဆရာမကလိုက်ခဲ့ပြောလို့လေ " ပထမစကားကိုခေါင်းရမ်းရင်းပြောလိုက်သည်
" ဟယ် ဟုတ်လား နင်ကတော့ကံထူးရှင်ပဲ"
" ဘာလို့ " နားမလည်သောအကြည့်ဖြင့်သရဖီကိုကြည့်ကာမေတော့
" ဒီလိုဟ Ecoဆရာမကလေ ဘယ်သူ့မှသူ့နောက်ကတင်မခေါ်ဘူးတဲ့ ဟိုတခါ ဘော်ဒါဆောင်တခုကကျောင်းသူတယောက်လိုက်မယ်ဆိုတာတောင်မခေါ်ခဲ့ဘူးတဲ့ "
" ဟုတ်လား နင်ကဘယ်လိုသိတာလဲ " လို့ပြောတော့
" ခုနကအဆောင်ကကောင်မလေး၂ယောက်နင်တို့လာတော့ပြောနေတာကြားခဲ့တာ"​သရဖီမှပြောတော့သစ်ခက်မှပြုံးနေကာ
" နင်နဲ့ ဆရာမနဲ့ ရိုးရော ရိုးရဲ့လား  စာသင်နေရင် နင်ကလဲကြည့်နေလိုက်တာများ ဆရာမကလဲတချက်ချက်ခိုးခိုးကြည့်နေတာ "
" ရိုးပါတယ် ဆရာမကစာသင်ရင်ကျောင်းသားတိုင်းကြည့်တာလေ  သူလိုများမှတ်နေလား" ဟုတ် နှုတ်ခမ်းထော်ကာပြောတော့
" ဟင် ငါနဲ့ဘာဆိုင်တုန်း "
" နင် အဆောင်မှူးကိုချိန်နေတာမဟုတ်လား"ဟုစကားပြောနေတုန်း ကျောင်းတတ်ခေါင်းလောင်းသံကြားတော့ နိုင်ငံတော်သီချင်းဆိုကာ ခုံတွင်ပြန်ထိုင်လိုက်သည် ခနနေတော့ ခိုင်လဲရောက်လာကာ စာသင်ပြီး သစ်ခက်တို့ရဲ့တနေ့တာကုန်ဆုံးလျက်
ရတနာတို့ရဲ့အဆောင်မှာက၈တန်းကနေစပြီးလက်ခံတာ အဓိက ကတော့၉တန်းနဲ့၁၀တန်းပေါ့ ၉တန်းကိုစာသင်တဲ့အဆောင်ရဲ့အောက်ထပ်မှာသင်တာပေါ့ ၁၀တန်းကိုတော့ အပေါ်ထပ်မှာသင်တာပဲဖြစ်ပါတယ်
ဒီလိုနဲ့ သစ်ခက်လဲ ခိုင်နဲ့ကြုံတဲ့ရက်ဆို ခိုင်နဲ့ပဲလိုက်ဖြစ်တာပေါ့ 
" ရန်ကုန်သူ စာတွေလိုက်နိုင်ရဲ့လား ဘယ်ဘာသာတွေ အားနည်းလဲ ကိုယ်ကိုကိုယ်ရောသိရဲ့လား " ခိုင်မှမေးလေသည် ဒီတခါတော့ဆိုင်ကယ်ပေါ်တွင်မဟုတ် ခိုင်စာသင်ပြီး နားနေခန်းကိုသစ်ခက်မှလိုက်ပို့ကာ လမ်းလျှောက်ရင်းပြောလေသည်
" သစ်ခက် Physic တော့သိပ်မရဘူး " ဆိုကာ ရီပြီးပြောလေသည် ရီရသည့်အကြောင်းအရင်းမှာ Physicသင်တာ ရတနာ ကိုယ်တိုင်ဖြစ်နေလို့လေ
" ဟော အဆောင်မှူးဘာသာမှမရ ရတယ်လို့ရန်ကုန်သူရယ် " ဆိုကာ သစ်ခက်ခေါင်းလေးကိုပုတ်ကာပြောတော့
" သစ်ခက်ကအခုမှမဟုတ်ဘူး ၉တန်းကတည်းကPhysicအားနည်းတာ "လို့ပြောတော့
" ဟုတ်ပါပြီရှင့် သမီးရတနာကိုမမေးရဲလဲ ဆရာမကိုမေး ဟုတ်ပြီလား ဆရာမ ရတနာကိုလဲပြောပြလိုက်ပါ့မယ် "
သစ်ခက်မှ ခေါင်းငြိမ့်လေသည်
ရတနာတို့ရဲ့အဆောင်က Repeaterတွေရောက်လာတော့သည် Result ထွက်ပြီးတာနဲ့ အောင်တဲ့သူတွေကလဲ မုန့့်လာကျွေးသလို ကျတဲ့သူတွေကလဲ လာပြန်တတ်ကျသည်
Repeaterထဲတွင် မေသူဆိုတဲ့တယောက်က်က ခိုင်နဲ့ အတော်ရင်းနှီးသည်ဟု ကျန်တဲ့Repeaterများပြောသံကြားရသည်ည် သူလဲကျတယ်တဲ့လေ သူကတော့မရောက်သေးပေ သစ်ခက်သူ့ကို ခိုင်နဲ့ရင်းနှီးတယ်ဆိုကတည်းက စိတ်ထဲဘဝင်မကျျပေ
" ဟဲ့ သစ်ခက် နင်တော့ ပြိုင်ဘက်တိုးလာပြီနော်"
" ဘာလို့လဲဟ "
" ဟိုအစ်မ နှစ်ယောက်ပြောနေတာမကြားဘူးလား မေသူ ဆိုတဲ့တယောက်က်က ဘောဂဆရာမနဲ့ ရင်းနှီးတယ်တဲ့ ဆရာမကလဲသူ့ဆိုချစ်တယ်တဲ့နော် "
" ဟာ နင်ကလဲဆရာမချစ်တယ်ဆိုတာမပါ ပါဘူး" သစ်ခက်ထိုသို့ပြောမှ သရဖီကရီီကာ
" နင်ကသူတို့ပြောတာ နားမထောင်သလိုပုံစံနဲ့ အခုကျတော့လဲ " ဆိုကာသရဖီမှစကားရပ်လိုက်ပြီး သစ်ခက်ကိုစနေချိန်
" ဟိုကောင်မလေးနှစ်ယောက် သင်္ချာတွက်ခိုင်းထားတာလေ စာမေးပွဲရှိတာကို မတွက်ပဲနဲ့ လေပေါနေ " မလှမ်းမကမ်းမှ ရတနာကလှမ်းဆူရင်း သရဖီတို့ဆီလာနေသည် သရဖီကတော့ သစ်ခက်ပုခုံကိုတိုက်ကာ လာနေပြီဆိုသည့့်ကို အမူအယာနှင့်ပြတော့ နှစ်ယောက်သားငုံ့ကာစာတွက်နေကျသည်
" ပြောစမ်း စာမလုပ်ပဲ လေပေါနေတာ "
ရတနာမှသစ်ခက်တို့နားသွားကာ ပြောတော့
" ဆရာမ သစ်ခက်ကမပေါဘူး သရဖီပေါနေတာ "
" သူလဲစကားပြောတာပဲ " သရဖီနှင့် စကားအချေအတင်ပြောနေကျတုန်း
" ကဲ တော်ကျတော့ သရဖီစာမလုပ်ပဲလေပေါနေတာ ဆရာမအဝေးကတည်းကတွေ့တယ်နော် " ဆိုကာ သရဖီနားရွက်ကိုဆွဲကာပြောတော့ သရဖီမှ ရတနာလက်ကိုထပ်ကိုင်ကာ
" ဆရာမရယ် နောက်သရဖီလေမပေါတော့ပါဘူး နာတယ် လွှတ်တော့နော် " ဆိုကာပြောမှရတနာကလွှတ်ကာ
" နောက်ဒီထပ်နာမယ်ယ်မှတ် ကဲစာတွက်ကျတော့ " ဆိုကာပြောတော့ ခိုင်ပြောတာကို ရတနာမှသတိရကာ
" ရန်ကုန်သူ "
သစ်ခက်မှပြူးပြူးလေး ကြည့်နေသည် ရတနာဒီလိုခေါ်တာကိုထူးဆန်းနေသည့့်ပုံ
" မမခိုင်ပြောတာ သမီးPhysic သိပ်မလိုက်နိုင်ဘူးဆို "
" ဟုတ်ကဲ့ "
" နားမလည်တာရှိရင် ဆရာမကိုအချိန်မရေလာမေးနော် မမခိုင်ကိုမေးလဲရတယ် သူကအကုန်ရတယ်သိလား "
" သရဖီကတော့ ဘယ်ဘာသာဖြစ် ဖြစ် ဆရာမကိုပဲမေးမယ် ရတယ်မို့လား "
သရဖီမှကြားဝင်ပြောလိုက်တော့ သစ်ခက်မှပြုံးကာ
" ရတယ် စာမေးရင် စာပဲမေး ပေါက်ကရတွေလာမမေးနဲ့ " ဆိုကာ ပြောပြီး ထွက်သွားလေသည်
" ဟဲ့နင် တို့အဆောင်မှူးက်ိုဘာတွေကြူးနေတာလဲ "
" ဟဲ" ကြုံတုန်းလေးကြူးရတာလေ ဆရာမလက်ကလေးကနူးညံအိစက်နေရောပဲ " သရဖီက ခုနကရတနာလက်ကိုကိုင်ခဲ့တဲ့သူ့လက်ကိုနမ်းကပြောတော့
သစ်ခက်မှမျက်စောင်းထိုးကာ ဘောပင်နဲ့နားထင်ကိုတွန်းလိုက်သည် သရဖီမှပြန်မျက်စောင်းထိုးလေသည်  နှစ်ယောက်သားစာလုပ်နေကျလေသည်
သစ်ခက်ရဲ့ပြိုင်ဘက်လေး Repeaterဆိုတဲ့ မေသူလေးရောက်ကတည်းက စာကိုအရင်သွာမဆိုတတ်တာသစ်ခက်ပါ သစ်ခက်က ကျန်တဲ့Repeaterတွေနဲ့ စကားပြောပြီးပြေလည်ပေမဲ့ မေသူဆိုတဲ့တယောက်နဲ့တော့ စကားမပြောပေ
ဒီတခါလဲ သစ်ခက်က ခိုင်အချိန်သာ ကုန်တော့မယ် အခုထိစာသွားမဆိုပေ အခုလဲခိုင်ဘက်ကိုမလှည့် သစ်ခက်ကနောက်ဆုံးတန်းမှာထိုင်တော့ နောက်ကနံရံဘက်လှည့်ကာ စာအုပ်ကိုနံရံနဲ့လက်နဲ့ဖိကာ နားကိုပိတ်ပြီးစာကျက်နေသည် ခိုင်လဲသစ်ခက်ကိုကြည့်လိုက် နာရီကိုကြည့်လိုက်နဲ့ အတန်းဆင်းဖို့၁၅မိနစ်အလိုမှာ Whiteboardကို ကြိမ်လုံးဖြင့် ရိုက်ကာ အသံကျယ်လောင်စွာထွက်ပေါ်လာပြီး အားလုံးကလဲတိတ်ဆိက်လျက်
" ရန်ကုန်သူ လာစာလာပြန် မပြန်တာဘယ်နှရက်ရှိပြီလဲ " ခိုင်မှခုံပေါ်ပြန်ထိုင်ရင်းပြောလိုက်သည် အာ့တော့မှ သရဖီလဲသစ်ခက်ကိုလက်တို့ကာပြောတော့ သစ်ခက်လဲ ခိုင် ဆီကိုဖြည်းဖြည်းချင်းသွားလေသည်
" မြန် မြန်လာ အခုမှနှေးတိနေတုတ်လုပ်မနေနဲ့" ခိုင်မှဆူတော့ သစ်ခက်လဲခပ်သွက်သွက်လေးလျှောက်ကာ စာပြန်သည် စာလဲပြန်ပြီးရော
" ဒီနေ့တော့ အဖြူအစိမ်း လဲပြီးပြီပေါ့ "
သစ်ခက်မှဘာမှမပြော ခေါင်းသာငြိမ့်ပြသည် ခိုင်လဲ သစ်ခက်လက်ကိုကိုင်ကာ
" ကဲ အားလုံးပဲ အတန်းဆင်းလို့ ရပြီနော် "
သစ်ခက်လက်ကိုတော့မလွှတ်ပေး
" ဆရာမကို ဆံထုံး ထုံးပေးပါအုံး အချိန်မရတော့ထုံးမလာခဲ့ရလို့ "
သစ်ခက်လဲ ခိုင်ကိုဆံထုံး ထုံးပေးပြီး ခိုင်နဲ့အတူအောက်ဆင်းလာသည်
" ဆရာမနဲ့ လိုက်မယ်မို့လား "
" ဟုတ်ကဲ့ လိုက်ခဲ့မယ်ဆရာမ ခနစောင့်ပေးနော် သစ်ခက် လွယ်အိတ်သွားယူမလို့ " ခိုင်မှပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်
ဒါကတော့ ဘောဂဆရာမရဲ့ ချော့နည်းအသစ်ပေါ့နော်🤪
ကျော့လဲကျော့ရဲ့Ecoဆရာမကို အာ့လိုပဲစိတ်ကောက်ခဲ့တာ🤭
#ကျော့
နေမကောင်းဖြစ်နေလို့ ဒီနေ့မှတင်တယ်
အာလုံးပဲဂရုစိုက်ကျပါနော် အခုကရာသီတုတ်ကွေးတွေဖြစ်နေကျတာ
လိုတာရှိရင်လဲပြောပေးကျပါနော်😚

နှစ်တစ်ရာလန်းမဲ့ မေတ္တာပန်းWhere stories live. Discover now