Episode 6

299 24 0
                                    

နှစ်တရာလန်းမဲ့ မေတ္တာပန်း

မောင်တို့လဲရောက်တာ၅ရက်လောက်ရှိပြီဆိုတော့ပြန်ဖို့တောင်သိပ်မလိုတော့ပေ အခုတော့ခိုင်ကမနက်စာအတွက်ပြင်ဆင်နေလေသည် သစ်ခက်ကတော့အခုထိမထသေးပေ
သိပ်မကြာပါဘူးသစ်ခက်လဲနိုးလာပြီးမျက်နှာသစ်ကာ ခိုင်ရှိတဲ့မီးဖိုချောင်ဆီဦးတည်သွားလေသည်
" တီချယ် ဘာတွေလုပ်နေတာလဲ " ခိုင်ကပန်းကန်တွေဆေးနေကာ သစ်ခက်ကလဲခိုင်နားသွားကာမေးတော့
" ပန်းကန်တွေဆေးနေတာ ဟိုမှာနော်မနက်စာရပြီ တီချယ်ကသစ်ခက်ကိုစောင့်နေတာ "
" ဟုတ်လား တီချယ်ဗိုက်ဆာနေပြီလား "
ခိုင်မှဆေးပြီးသားပန်းကန်တွေကိုမ မလိုဟန်ပြင်နေတုန်း သစ်ခက်မှပန်းကန်တွေကိုဝင်ယူပြီး
" ဆာနေပြီပေါ့ အိပ်ပုတ်ကိုစောင့်နေရတာကို "
" တီချယ်ကလဲစားနှင့်တာမဟုတ်ဘူး "
ဆေးလာသောပန်းကန်တွေကိုတချက်ချင်းစီကာပြောနေတော့
" အော် အိမ်ရှင်ကစောင့်ရမှာပေါ့ရှင့် "လို့ပြောပြီး မီးဖိုထဲရှိခုံတွင်ထိုင်ကာပြောတော့
သစ်ခက်ကလဲ ခိုင်ဆီပြေးလာကာပြုံးစိစိဖြင့်
" ဒီလိုလုပ်လိုက်လေ တီချယ်လဲစားချင်တဲ့အချိန်စားရအောင် သစ်ခက်ကိုအဖြေပြန်ပေးလိုက်လေ အာ့ကျရင်သစ်ခက်ကဧည့်သည်မဟုတ်တော့ဘူးလေ ဟုတ်ဘူးလား "
ခိုင်မျက်နှာလေးကိုသေချာကြည့်ပြီးပြောတော့
ခိုင်မှရှက်လာကာ မျက်နှာများပြင်နီနေပြီး
" သွား လိပ်မျိုး သူ့ဘက်ပဲသူရပ်တယ် တီချယ်ပြောပြီးသားနော် စာမေးပွဲပြီးမှအာ့ကိစ္စကိုစဥ်းစားနော် " ခိုင်မှသစ်ခက်ကိုချော့ကာမော့ကာပြောတော့
" တီချယ်ကလဲ သစ်ခက်ကနေနိုင်တယ် ဒီကမနေနိုင်နိုင်တာ "'ဆိုကာ သူ့ဘယ်ဘက်ရင်ဘတ်ကိုလက်ညိုးထိုးပြတော့ ခိုင်မှမျက်စောင်းထိုးကာ
" ဘာမှအတွန့်မတတ်နဲ့ ဆက်ပြောရင်စိတ်ဆိုးတော့မှာ "
" စိတ်တော့မဆိုးပါနဲ့တီချယ်ရယ် မကြိုက်ရင်မပြောတော့ပါဘူး " ခိုင်ကလဲဘာမှမပြောမျက်စောင်းလေးထိုးကာ ထမင်းစားဖို့ပြင်ပြီး မနက်စာစားကာ ရွာထဲလမ်းလျှောက်ဖို့ပြင်နေသည် ခိုင်နဲ့သစ်ခက်တို့လဲစရောက်ကတည်းက မနက်စာစားပြီးလယ်ကွင်းတွေဆီသွားတာ ထုံးစံပင်ဖြစ်နေလေသည် အခုလဲသွားဖို့လက်ရှည်လေးဝတ် ခမောက်လေးဆောင်းကာပြင်နေတော့
" တီချယ်ခနနေပါအုံး ဒီမှာတီချယ်အတွက် "
လက်ထဲကစံပယ်ကုံးလေးကိုပြတော့
" ဟယ် လှလိုက်တာ သစ်ခက်သီထားတာလား "
" ဟုတ်တယ် " သစ်ခက်ပြောလဲပြောခေါင်းလေးလဲငြိမ့်ပြကာ
" သစ်ခက်ပန်ပေးမယ်နော် တီချယ်"
" ပန်တာကဟုတ်ပါပြီ ကလစ်မရှိဘူးလေ " ခိုင်မှပြောတော့
" ဒီမှာလေ သစ်ခက်ကဒါတွေသိလို့ ဒီမှာကြိုဆောင်ထားလေ " ဆိုကာဘောင်းဘီအိတ်ကပ်ထဲရှိ ကလစ်လေးကိုထုတ်ပြကာပြောတော့ ခိုင်မှမျက်စောင်းသေးသေးလေးထိုးတော့ သစ်ခက်ကလဲပြုံးကာ ခိုင်ရဲ့နောက်ကိုသွားကာ
" တီချယ် သစ်ခက်ပန်ပေးမယ်နော် "
ခိုင်မှဘာမှမပြောပဲခေါင်းသာငြိမ့်ပြလိုက်သည်
သစ်ခက်ကလဲ ခိုင်ကိုပန်ပေးပြီး ပုံလေးရိုက်နေကာ ခိုင်ကလဲပန်ထားတော့ပန်းလေးကိုကိုင်လိုက်တော့ ခိုင်လက်ကလေးကပန်းကိုကိုင်နေသောပုံလေးကိုရိုက်မိကာ သစ်ခက်သဘောကျနေလေသည်
" ကဲ ပန်ပြီးပြီဆိုရင်လဲ သွားကျမယ် နေပူလာလိမ့်မယ် "
ခိုင်မှခမောက်ကလေးကိုဆောင်းမည့်ဟန်ပြင်တော့
" တီချယ် ခမောကိဆောင်းရင်ပန်းပန်တာအလကားဖြစ်ကုန်မှာပေါ့ သစ်ခက်ထီးယူခဲ့မယ်" ထိီးကိုအပြေးအလွှားလေးသွားယူပြီး နှစ်ယောက်သားထွက်လာခဲ့ကျသည်
" တီချယ်ကသစ်ခက်ပေးတဲ့ပန်းလေးနဲ့မှ ပိုလှသွားသလိုပဲ "
ဘေးချင်းယှဥ်လျှောက်နေသော ခိုင်မျက်နှာလေးအားကြည့်ကာပြောတော့
" အော် အဲ့ဒါဆို အရင်ကမလှဘူးပေါ့ဟုတ်လား "
သစ်ခက်ကိုပြန်ကြည့်ကာပြောတော့
" သစ်ခက်ရဲ့တီချယ်က ဘယ်အချိန်ကြည့်ကြည့်လှတယ် " သစ်ခက်မှပြောတော့ ခိုင်လဲပြုံးနေလေသည်
" ခမောက်လဲမဆောင်းခိုင်း ယူလာတဲ့ထီးလဲဆောင်းမပေးဘူး လူကိုနှိပ်စက်နေတာလား"
" မနှိပ်စက်ပါဘူး တီချယ်ကလဲ နေကလေ မနက်၁၀နာရီကနေ ညနေ၄နာရီထိကမှ ခရမ်းလွန်ရောင်ခြည်ရှိတာ မနက်ခင်းနေကိုနေပူဆာခံပေးရင်အကိုက်အခဲတွေသက်သာတယ်တဲ့ တီချယ်ရဲ့ "
ခိုင်ကိုစကားသံအေးအေးလေးနှင့် ဖြေးဖြေးချင်းရှင်းပြနေသော သစ်ခက်ကိုကြည့်ကာပြုံးနေလေရဲ့ သစ်ခက်ပြန်ကြည့်မှရှက်ကာ
" ဟုတ်လှချည်လား "မျက်ခုံးလေးပင့်ကာပြောတော့
" သစ်ခက်ကကျန်းမာရေးအပိုင်းစိတ်ဝင်စားတယ်လေ အာ့တာကြောင့်လေ့လာထားတာ "
" အာ့တာများ ဘာလို့Bio မယူတာလဲ "
" မာမီကြောင့်ပေါ့ စီးပွားရေးပဲယူခိုင်းလို့လေ အာ့တာကြောင့် သစ်ခက်လဲEcoပဲယူလိုက်တာ "
ခိုင်မှသစ်ခက်ပြောသမျှကို ခေါင်းငြိမ့်ကာနားထောင်နေလေသည်
" Eco ယူတာလဲကောင်းပါတယ်Ecoယူလို့လဲ သစ်ခက်ရဲ့အနာဂတ်သတိူ့သမီးလောင်းလေးကိုတွေ့ရတာလေ "ဆိုပြီး ခိုင်ကိုကြည့်ကာပြောတော့
" ဘာတွေပြောနေမှန်းမသိဘူး ထီးဆောင်းပေးဆိုအခုထိဆောင်းမပေးဘူး " ခိုင်မှမျက်စောင်းလေးထိုးကာပြောတော့သစ်ခက်ကလဲထီးကိုဖွင့်ကာခိုင်ကိုဆောင်းပေးနေလေသည်
ခိုင်တို့လ​ဲ လမ်းလျှောက်ပြီးနေ့လယ်စာစားချိန်မရောက်သေးတာကြောင့် ရွာဦးစေတီဘက်သွားနေကျသည် နေ့လယ်စာစားချိန်ကျမှအိမ်ပြန်လာတော့သည် ဒီဆရာတပည့်နှစ်ယောက်က ဘယ်လောက်ပဲကြာကြာ ပြောစရာစကားတွေကတော့ကုန်မသွားပေ တခါတလေ သစ်ခက်ကသူ့ချစ်တဲ့အကြောင်းတွေထည့် ထည့်ပြောတတ်သေးသည် ခိုင်ကလဲ ကွေ့ကွင်းတတ်တော့သစ်ခက်ဦးတည်ရာမရောက်ပဲလမ်းတဝက်တွင်အရှုံးပေးလိုက်သည်
" မိနွယ်ဘယ်တွေသွားနေတာလဲ ညည်းတို့အေ ထမင်းစားချိန်တောင်ရောက်နေပြီ " အိမ်ထဲတောင်မဝင်ရသေးသောခိုင်တို့နှစ်ယောက်ကိုဆူနေလေသည်
" မေမေကလဲ ထမင်းစားချိန်မို့ပြန်လာတာပေါ့ "
ခိုင်မေမေနားဝင်ထိုင်ကာခိူင်မှပြောလိုက်တော့
"'ငါရှိတာကိုရောသတိရသေးရဲ့လား"
" သတိရပါတယ်ဖွားရဲ့ သစ်ခက်တို့ရွာဦးစေတီဆီသွားနေလို့ ကြာသွားတာပါ ဖွားဗိုက်ဆာနေပြီလား သစ်ခက်ပြင်ပေးမယ်နော် "ပြောလဲပြော ထိုင်နေရာမှထကာ​ မီးဖိူခန်းထဲဝငိသွားလေသည်
သစ်ခက်တို့လဲထမင်းစားပြီး ခိုင်မေမေလဲအိပ်နေလေသည် သစ်ခက်ကပန်းကန်တွေဆေးနေလေသည် ခိုင်ဆေးမယ်ဆိုတာကိုမဟုတ် သူဆေးမယ်ပဲအတင်းပြောလို့ခိုင်မှအိမ်ရှေ့ရှိသစ်ပင်အောက်ကခုံတွင်ထိုင်နေကာ သတင်းများကြည့်နေလေသည် Facebook ကြည့်နေတော့Friend Request ထဲမှ noti တတါနေတော့ ခိုင်ါဲဝင်ကြည့်ကာ Thit Khat Maung ဆိုသော Accကိုမြင်ကာ အကောင့်ထဲဝင်ကြည့်တော့ Bioမှာ ❤️Khaing❤️ ဆိုတာရေးထားတော့ ခိုင်လဲပြုံးနေလေသည် Cover Photoကိုကြည့်တော့လဲ မနက်ကခိုင်လက်နဲ့စံပယ်ပန်းကိုင်နေတဲ့ပုံလေးတင်ထားတာတွေ့ရတော့ ခိုင်ပို၍သဘောကျသွားလေသည်
" ဟူး အချစ်စစ်ဆိုတာမင်းန​ဲ့မှကြုံဖူးတော့မယ်ထင်ပါရဲ့ " ခပ်ရေးရေးလေးတီးတိုးဆိုတော့
သစ်ခက်ကလဲပန်းကန်တွေဆေးပြီးလို့အလာ နားစွန်နားဖျားကြားတော့
" ဘာတွေကြုံဖူးမှာလဲတီချယ်ရဲ့ "
" ဘာမှမဟုတ်ပါဘူး သတင်းကြည့်နေရင်းဒီတိုင်းပြောလိုက်တာပါ " သစ်ခက်မေးတော့ခိုင်လဲမသိချင်ယောင်ဆောင်ကာ အလျင်အမြန်ဖြေလိုက်သည်
" တီချယ် Facebook သုံးနေရင် သစ်ခက်အကောင့်ကိုလက်ခံပေးပါ့လား "
" ဘယ်အကောင့်ကိုလဲ သစ်ခက်ရဲ့"'ပြုံးစိစိနှင့် မေးတော့
" ဒီအကောင့်လေ " ပြောကာ အိတ်ကပ်ထဲကဖုန်းကိုယူပြီးသူ့အကောင့်ကိုပြတော့
" အော် အဲ့ဒါလား တွေ့တယ် နာမည်ကတော့သစ်ခက်နာမည်ဟုတ်ပေမဲ့ ပုံကတို့ပုံဖြစ်နေတော့ တို့အကောင့်များလားလို့ " ခိုင်မှစတော့
" ဟာ တီချယ်ကလဲ သိလျက်သားနဲ့ လက်ခံမပေးဘူး "
" ဟော ကျုပ်ကသိမှမသိပဲကိုး "
" တီချယ်နော် "နှုတ်ခမ်းလေးဆူကာပြောတော့
" သစ်ခက်နော် " ထပ်စနေလေသည်
" တီချယ်နော် " လို့ထပ်ခေါ်တော့
" ကဲ နှုတ်ခမ်းကြီးမဆူထားနဲ့ တီချယ်ကစတာ လက်ခံပေးလိုက်ပြီနော် " ဆိုကာပြောတော့မှသစ်ခက်မှပြုံးကာပြတော့
" ပြုံးမနေနဲ့ စာတွေလုပ် အဆောင်ရောက်လို့မှစာမရဘူးပြောကြည့်ရိုက်ပစ်မယ် "
" တီချယ်ကလဲ ဒီအချိန်လေးနားရတာကို "
" ကဲပါ ဂျီကျမနေနဲ့ စာလုပ်နော်လိမ်မာတယ် "
သစ်ခက်မှဘာမှမပြောတော့
" သစ်ခက် တို့စိတ်ဆိုးလာပြီနော် မင်းအခုတောင်တို့စကားနားမထောင်တာ နောက်ကျချစ်သူတွေဖြစ်သွားရင် တို့ဘယ်လိုလုပ်ရမှာလဲ "
" တီချယ် တကယ်လား "
" ဘာကိုလဲ " ခိုင်သည်သူပြောသည့်စကားဘယ်ရောက်သွားသည်မသိ ပြောခငေ်ရာတွေဇွတ်ပြောနေပြီးသစ်ခကိမေးမှရှက်ကာ ဘာမှမပြောဟန်ဖြင့်
" တီချယ် တကယ်လားသစ်ခက်ကိုချစ်သူအဖြစ်ရွေးချယ်ထားတာလား "
" အာ့ မသိဘူး မသိဘူးကွာ" သစ်ခက်ပုခုံးကိုထုကာပြောနေတော့ သစ်ခက်မှရိုက်နေသောခိုင်လက်လေးကိုကိုင်ကာ သစ်ခက်ကခိုင်လက်ကလေးအားရင်ဘတ်နားဆွဲယူပြီး
" တီချယ်ပြောပါ ချစ်တယ်လို့ နော် နော်လို့"
" စာလုပ်မှာလားပြော "သစ်ခက်မှခေါင်းငြိမ့်ပြတော့ ခိုင်ကသစ်ခက်နား နားလေးကပ်ကာ ချစ်တယ် လို့တိုးတိုးလေးပြောပြီးအိမ်ထဲပြေးဝင်သွားသည် သစ်ခက်ကလဲအိမ်ထဲဝင်သွားပေမဲ့ခိုင်နားမသွားပဲ စာတွေလုပ်နေလိုက်သည်
* * * * * * *
" တီချယ်တယောက်တကုတင်ဆီအိပ်မှလား အရင်ကတိုင်းအတူတူအိပ်မရဘူးလား "
တခြားကုတင်အိပ်ရမယ်ပြောလို့ခေါင်းအုံးလေးပိုက်ကာ ခိုင်အားသနားစရာရုပ်လေးလုပ်ပြနေကာပြောတော့
" မရဘူးအရင်ကအိပ်တာက ဆရာတပည့်မို့လေ အခုကချစ်သူတွေမို့အတူတူမအိပ်ရဘူး ဒါပဲ ပြီးတော့တခန်းထဲအိပ်တာလေ"
ကုတင်ပေါ်မှခိုင်ကာဝတ္ထုဖတ်ကာသစ်ခက်ကိုတချက်ကြည့်ရင်းပြောတော့
" တီချယ် အာ့ဆိုမအိပ်ခင်အားသွင်းပေးပါအုံး"
ခေါင်းအုံးလေးကိုဘေးကကုတင်ပေါ်ချပြီးခိုင်ဆီသွားကာ လက်လေးနှစ်ဖက်ဖြန့်လိုက်တော့
" တကယ်တည်း ပိုကိုပိုတယ် " ခိုင်လဲခနပေးဖက်လိုက်သည်
ခိုင်ကပါးစပ်ကသာပြောနေတာ သစ်ခက်ရဲ့အမူအယာတွေကိုသူ့ကိုယ်တိုင်ကိုကချစ်နေရတာမဟုတ်လား
မနက်လဲမိုးလင်းရော ခိုင်တို့ပြန်ဖို့စီစဥ်ရတော့သည်
သစ်ခက်ကိုစာမလုပ်မှာစိုးသည်ကတကြောင်း ခိုင်နဲ့အတူတူရှိနေရင်ကပ်သီးကပ်သပ်နဲ့နေသည့်မို့ ခိုင်တို့၃ရက်လောက်စောကာမန္တလေးသို့ပြန်လာခဲ့ကျသည်
" တီချယ်ကလဲ သစ်ခက်တို့နောက်ရက်မှပြန်ရအောင်လေနော် "အဝတ်တွေထည့်နေသောခိုင်နားသွားပြီး ခိုင်ပုခုံးလေးပေါ်မှီကာပြောတော့
" အို မရပါဘူး သစ်ခက်နော်စာတွေလဲပုံမှန်မလုပ်ဘူး တီချယ်နဲ့အတူတူရှိနေရင် အကျင့်ဖြစ်နေမှာစိုးလို့နော် "
" တီချယ်ကလဲ "
" တီချယ်ကမလဲနဲ့ စကားနားထောင် ဒါပဲပြောမယ် သွားအဝတ်တွေသွားထည့် "
ခိုင်မှခပ်စပ်စပ်ကလေးဆူပစ်လိုက်တော့ သစ်ခက်ကလ​ဲစိတ်ကောက်ကာ ဆူအောင့်ထွက်သွားပြီး အဝတ်များပင်ထည့်နေလေသည်
သစ်ခက်တို့လဲအဆောင်ပြန်ရောက်ပြီး ချစ်သူရဲ့အမိန့်ကိုမလွန်ဆန်နိုင်သောကြောင့် အဆောင်မှာနေပြီးစာလုပ်နေသည် တရက်တခါသစ်ခက်ကိုလဲလာကြည့်တတ်သည် စိတ်မချတာလဲပါမှာပေါ့
သစ်ခက်တို့လဲစာမေးပွဲနားနီးသည်မို့စာလုပ်ရတာနဲ့ပင်မအားပေခိုင်ကတော့သစ်ခက်အတွက် အားဆေးနဲ့မုန့်တွေအမြဲမပြတ်ယူလာပေးသည်
အခုလဲကျောင်းကစာမေးပွဲနဲ့Valentine dayနဲ့တိုက်နေတာကြောင့်စာမေးပွဲလာဖြေရင်း ခိုင်ကိုချောကလက်ပေးဖို့ အခန်းရှေ့သစ်ရကိပင်မှာစောင့်နေလေသည်
" ဟိတ် ကလေးမဘယ်သူကိုစောင့်နေတာလဲ "
စာအုပ်ကလေးကိုပိုက်ကာ လျှောက်လာသောခိုင်အားသစ်ခက်ကိုလှမ်းစလိုက်သည်
သစ်ခက်ကလဲ ခိုင်ဆီပြေးလာကာ
" သစ်ခက်ရဲ့အမျိုးသမီးလေးကိုစောင့်နေတာလေ "
" ဟိတ် သစ်ခက်နော် လူတွေအများကြီးရှိတယ် အပြောအဆိုဆင်ခြင် " ခိုင်မှပြောလိုက်တော့ သစ်ခက်မှခိုင်လက်ဆွဲကာ အပေါ်တတ်တဲ့လှေကားအောက်ခေါ်သွားပြီး လွယ်အိတ်ထဲကချောကလက်ကိုထုတ်ပေးကာ
" HappyValentines' day ပါ မောင့်ရဲ့ခိုင် "
" ဟာ ဘယ်လိုတွေခေါ်နေတာလဲ ရှက်စရာကြီး"
သစ်ခက်ဗိုက်ကိုလိမ်ဆွဲကာပြောတော့
" ခိုင်ကလဲချစ်သူဖြစ်တာ၅လတောင်ရှိတော့မယ် အာ့လိုနာမ်စားလေးနဲ့ခေါ်ပေးပါလို့နော် "
ဗိုက်ဆွဲလိမ်ထားသောခိုင်လကိအားယူကာပြောတော့
" အခုမှကျောင်းသူပဲရှိသေးတယိလေ ကျောင်းပြီးမှခေါ်မယ်နော် လိမ်မာတယ်" ဆိုကာ သစ်ခက်လက်ထဲကချောကလက်ကိုယူပြီး သစိခက်ပါးလေးအားနမ်းကာအမြန်ပြေးသွားလေသည်
#ကျော့

နှစ်တစ်ရာလန်းမဲ့ မေတ္တာပန်းWhere stories live. Discover now