“မရဘူး သားကသခွားရောင်ပဲ၀တ်ချင်တာ”
“အပြာရောင်လေးဖြစ်ဖြစ် ၊အဖြူရောင်လေးဖြစ်ဖြစ်၀တ်တာ ပိုအဆင်ပြေတာပေါ့သားရယ် သခွားရောင်က ဘယ်လိုကြီးတုန်း "
“အဲ့တာဆို Geminiလည်းလိုက်၀တ်လေ "
“ကိုယ်က သခွားအရောင်ကလွဲရင်ကျန်တဲ့အရောင်ပဲနော် Fourth
“မင်း ဘယ်လိုဖြစ်နေတာလဲ
ငါကြိုက်တဲ့အရောင်မဟုတ်ရင် မင်္ဂလာမဆောင်နိုင်ဘူးနော် လုံး၀ပဲမင်္ဂလာဆောင်၀တ်စုံရွေးတဲ့ဆိုင်မှာဖြစ်သည်။
Fourth Nattawatတို့ ကျောင်းသာပြီးတော့မှာဖြစ်ပေမယ့် ဆိုင်မှာ ကလေးတစ်ယောက်လိုမျိုး ဂျီကျနေသည်။တကယ်တမ်းက Geminiမကြိုက်တဲ့အရောင်မှာ ထိုအရောင်ဖြစ်နေ၍ သက်သက်ဂျီတိုက်နေခြင်းသာ ။သိုပေမဲ့ ၀တ်စုံကို စိတ်ရှည်ရှည်ရွေးပေးနေရှာတဲ့ နှစ်ဖက်မိဘတွေကိုတော့ အားနာစရာကောင်းလှသည်။လက်ရှိအခြေအနေမှာတော့ သူတို့လည်း ၀တ်စုံနဲ့ပတ်သက်ပြီး အတည်ရွေးလို့မရသေး။
“အဖြူရောင်ပဲ ရွေးလိုက်ပါမေမေနဲ့အန်တီ ".
“ငါမကြိုက်ဘူးလို့ပြောနေတယ် ကောင်စုတ်ရဲ့
“ပြန်ရအောင်....မေမေတို့ပဲရွေးခိုင်းလိုက်မယ်
“မရဘူး ငါရွေးမှာ ....
ကဖျက်ယဖျက်ကောင်လေးကိူ Geminiတစ်ယောက် လက်တစ်ဖက်ကိုသာအတင်းဆွဲကာ ဆိုင်ထဲမှ ခေါ်လာခဲ့သည်။
Fourth မင်္ဂလာဆောင်ရမှာ စိတ်မပါ။
ဒါကြောင့် Geminiကိုရော မိသားစုတွေဆီပါ အရွဲတိုက်ချင်သည်။“ငါမလိုက်ဘူး လို့
ကားပါကင်မှာအော်လေတော့ Geminiက ကားထဲကိုအတင်းသွင်းပြီး တံခါးကို လော့ချလိုက်သည်။
Fourth မထူးတော့သဖြင့် လက်ပိုက်ထားကာ ပိတ်ထားတဲ့ ကားထဲမှာပဲ ငြိမ်နေလိုက်သည်။
“မင်းငါ့ကို ဟိုနေညက ဘာလုပ်တာလဲ "
“မင်းကိုယ့်ကိုယ်ကို သိမှာပေါ့
ငါဘာလုပ်ခဲ့လဲ ”“မင်းဘာမှ မလုပ်ခဲ့ဖူးမလား
Fourthရှက်ပေမယ့် ကားဘေးကိုသာမျက်နှာလွှဲလိုက်ရင်း မေးလိုက်သည်။
Geminiဘက်ကတော့ စကားသံတွေ ထပ်ထွက်မလာဘဲ တိတ်ဆိတ်နေသည်။
KAMU SEDANG MEMBACA
My Bad Husband [Completed]
Fiksi Penggemar~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth