အတူနေခဲ့ပြီး တစ်နှစ်ခွဲအကြာလောက်မှာ ဘ၀ရှေ့ရေးဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့နှစ်ယောက်ကို အလုပ်တာ၀န်ဆိုတဲ့အရာက အနေဝေးအောင် ခွဲထားလိုက်သည်။
အခုဆိုရင် Geminiက Australia မှာ ဖြစ်ပြီး ကျွန်တော်က ထိုင်းမှာ..ကိုယ်စီအလုပ်တာ၀န်တွေရှိနေတော့ ကျွန်တော်တို့အတွက် တွေ့ဆုံချိန်လေးက အိပ်ခါနီး video call ပြောဆိုတဲ့ အချိန်ပိုင်းလေးသာရှိသည်။
တခါတလေလည်းနှစ်ယောက်သား စကားတွေစည်ကားနေအောင်ပြောဖို့ စဉ်းစားမရတာနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အဆုံးသတ်သွားရတာချည်းပင်။
Geminiကတော့ ဖုန်းချခါနီးမှာ Good Night Baby ဟုကျွန်တော့်ကို အမြဲနှုတ်ဆက်တတ်၏
ကျွန်တော့်ဘက်က ခံစားချက်တွေကို ထုတ်ဖော်မပြောတတ်တဲ့ မွေးရာပါ အားနည်းချက်ကြောင့်Gemini ကို အရမ်းလွမ်းနေရတယ်ဆိုတာ တစ်ဖက်နိုင်ငံက လူကို မသိစေချင်ပါ။
Geminiရဲ့ အငွေ့အသက်တွေ ။
ဂရုစိုက်မှု ပွေ့ဖက်မှုတွေကို အရမ်းပဲလွမ်းနေမိ၏“Ai Fourthမနက်ဖြန် သား မွေးနေ့မလား
အိမ်ကို လာခဲ့ပါလားမွေးနေ့ကို ဂရုတစိုက်သိနေပေးတဲ့ အမေ့ကို အားနာစွာပြုံးပြရင်း ဒီနှစ်မွေးနေ့ကို သူဘာမှ လုပ်ချင်စိတ်မရှိခဲ့။
Geminiနဲ့ အမြဲနေတဲ့ အိမ်လေးမှာ Fourthတစ်ယောက်တည်းနေခဲ့တာဖြစ်ပြီး အမေ့အိမ်ကိုလည်း အားတဲ့ရက်မှသာ သွားလည်ဖြစ်ခဲ့သည်။
အခုလည်း မွေးနေ့မှာ ပျော်ရွှင်ချင်တဲ့စိတ်လေး တစ်စက်လေးမှရှိမနေ။
“Geminiကရော ဘယ်တော့ပြန်လာမှာလဲသား
ဒီကြားထဲရော မလာလည်တော့ဘူးလား”“သုံးလတည်းဆိုတော့ သူပြန်လာလောက်မှာ မဟုတ်ပါဘူး”
“ငါ့သားလေးလည်း ယောင်္ကျားကို အရမ်းလွမ်းနေပုံရတယ်”
နောက်ပြောင်လိုက်တဲ့ အမေ့စကားကို “အမေ့ကလည်းဟု ”ရှက်ရမ်းရမ်းကာ ငြင်းလိုက်ပေမယ့် သားသမီးတွေအကြောင်းကို အူမချီးခါး
မိခင်တွေသာ အသိဆုံးပဲ မဟုတ်ပါလား
![](https://img.wattpad.com/cover/344472910-288-k441948.jpg)
YOU ARE READING
My Bad Husband [Completed]
Fanfiction~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth