"Ninက လိုက်ချင်တယ်လို့ပြောတာကို ဘာလို့မခေါ်ရတာလဲ "
"ဒီကောင်မလေး လိုက်ရှုပ်နေမဲ့ဟာ....
ကိုယ်တို့ နှစ်ယောက်ထဲသွားတော့ လွတ်လွတ်လပ်လပ်သွားလို့ရတာပေါ့.....
မဟုတ်ဘူးလား ""မင်းက အကျင့်မကောင်းတဲ့ အစ်ကိုပဲ "
Geminiကားမောင်းနေရင်းမှ Fourthကို ကြည့်ရင်း ပြုံးတုံ့တုံ့ဖြင့် ။
"နောက်တစ်ခါမှ မိသားစုနဲ့ အတူလည်ရအောင် "
ကမ်းခြေက ဟိုတယ်တစ်ခုဆီမှာ ကားပါကင်ထိုးပြီး reception မှာ အခန်းတစ်ခုငှားလိုက်သည်။ဘန်ဂလိုအဆောက်အဦးလေးတွေက ကမ်းခြေဘေးမှာ လှပစွာရှိနေကြပြီး အပန်းဖြေလာမဲ့သူတွေအတွက်လည်း အနားယူစရာကောင်းတဲ့နေရာတစ်ခုပင် ။
ပြတင်းပေါက်က မြင်နေရတဲ့ ကမ်း ခြေရဲ့အလှကလည်း ဘန်ကောက်မှာထက် ပို၍စိတ်သက်သာမှုကို ရစေသည်။
Geminiအခန်းထဲမှာအထုတ်တွေချနေတုန်း Fourthက ပြတင်းပေါက်မှ ပင်လယ်ကိုငေးနေသည်။
"မင်းပင်လယ်ကိုကြိုက်လား ? တောင်ကိုလား"
ကလေးတစ်ယောက်လိုမျိုး ထိုင်ကာငေးရင်း Geminiကို မေးနေသည်။
"အခုတော့ ပင်ဘယ်ကိုလာတာဆိုတော့ သေချာပေါက် ပင်လယ်ပေါ့
"Aoiii!!
ပြတင်းပေါက်ကနေ အတူလာကြည့်တဲ့ Gemini ကြောင့် Fourth ခေါင်းနဲ့ ရင်ဘတ်ကိုတိုက်လိုက်သည်။
"ပင်လယ်ထဲသွားမယ် ....လာလာ ..
Geminiကို လက်ကနေဆွဲကာ အ၀တ်စားတွေလဲပြီး ပင်လယ်ထဲ ပြေးဆင်းကြတော့သည်။
လှိုင်းကြပ်ခွပ်တွေတဖွားဖွားပေါ်မှာ Fourth က ကွင်းတစ်ခုနှင့်ဆော့နေသည့်အတွက် Gemini ထိန်းနေရတာအမော။
ထပ်ပြီးသဲသောင်ပြင်တွေပေါ် ပြေးလိုက်လွှားလိုက်နှင့်ပင် ပင်ပန်းရကောင်းမှန်းမသိတဲ့ Fourth နောက်ကို လိုက်နေရတော့သည်။
" လာပါဆို .....Ai Gem ...
ရေထဲဆင်းဖို့တွန့်ဆုတ်နေတဲ့ Gemini ရဲ့ လက်ကို ဆွဲကာခေါ်ပြန်သည်။
ခန္ဓာကိုယ်တစ်ခုလုံး ရေရွှဲနေတာတောင် Fourth. က ဂရုစိုက်ပုံမပေါ်
နှစ်ယောက်သား ရေထဲမှာ ဆွဲလိုက်ရွဲလိုက်ဖြင့် အချိန်ကုန်သွားသည်။
YOU ARE READING
My Bad Husband [Completed]
Fanfiction~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth