4

2.9K 210 3
                                    

“အိမ်ထောင်သည်က ဒီအချိန်ပြန်လာရမဲ့အချိန်လားFourth
မေမေနဲ့ဖေဖေကတောင် မင်းမျက်နှာတွေ့ချင်လွန်းလို့ မေးနေပြီ

အခန်းအမှောင်ချကာ ထိုင်နေတဲ့Geminiကြောင့် တိတ်တိတ်လေး အခန်းထဲ၀င်လာမိတဲ့ Fourthလန့်သွားရသည်။

“အခုဘယ်အချိန်ရှိနေပြီလဲ ...
မင်းဘယ်မှာမှန်းမသိဘဲ ငါ ဒီတိုင်းထိုင်စောင့်နေရတာ

အဲ့တာတွေ Fourth မသိ။
အိမ်ထောင်တာ၀န်ကိုလည်း လက်တွေ့ဆန်ဆန် မကျေပွန်ချင်ပါ ။
ဘာကြောင့်လဲဆိုရင် သူ့စိတ်ထဲမှာ‌တွေးနေတာက Gemini နဲ့ အတည်ကြီး စိတ်ပါပါလက်ထပ်ထားတာ မဟုတ်လို့ပင်။ဘာကိစ္စကြောင့် သူ့ဘက်က မိသားစုကိုပါ ငဲ့ကွက်နေရမှာလဲ။

“ဘာဖြစ်လဲ ...မစောင့်ချင်ရင် မင်းဘာသာအိပ်လေ ”

Fourth အိတ်ကို ထိုင်ခုံပေါ်တင်လိုက်ပြီး ရေချိုးခန်းထဲ အရင်၀င်လိုက်သည်

“ဘာဖြစ်နေပြန်ပြီလဲ

Fourthဘက်က အရင်အော်လိုက်တယ်။

Geminiစိတ်တိုနေမှန်းသိသည်။ ဒါပေမဲ့ အခန်းတံခါး၀မှာ လက်ပိုက်ကာလာရပ်နေတဲ့ Geminiကြောင့် Fourthနေရခက်သည်။

“မင်း ဘားသွားတယ်ဆို

“ဘယ်သူပြောတာလဲ ..

“ဘယ်သူပြောလဲဆိုတာထက် မင်းဆင်ခြင်သင့်တယ်မဟုတ်လား ...ပတ်၀န်းကျင်မှာ မျက်စိတွေနားတွေ အများကြီး

Fourthခြေထောက်လက်တွေကိုသာ ဆေးကြောပြီး အခန်း၀က Geminiကိုပခုံးဖြင့်တိုက်ကာ ပြန်ထွက်လာတော့သည်

“Fourth မင်း...

“ငါ့အနားမလာနဲ့ မင်းနားမှာ မနေချင်ဘူး

“မင်းက ဒီတိုင်းလွှတ်ထားလို့မရဘူးပဲ Fourth

Geminiသူ့ကိုရုန်းကန်နေတဲ့ ကောင်လေးရဲ့ လက်ကောက်၀တ်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ အိပ်ယာပေါ်သို့ တွန်းလှဲလိုက်တယ်

မျက်လုံးအဝိုင်းသားဖြင့်အံ့ဩကာကြည့်နေသော Fourth ကို သူထပ်ပြီးအံ့ဩအောင်လုပ်ဖို့ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေကိုအရင်ဖိကပ်နမ်းလိုက်သည်။

My Bad Husband [Completed]Where stories live. Discover now