Satang နဲ့ Winny ရဲ့ မင်္ဂလာပွဲနေ့ဖြစ်တာကြောင့် Fourth ခန်းမထဲမှာ သူငယ်ချင်းတွေနဲ့အတူ ရှိနေသည်။
Satangက အဓိကဇာတ်ဆောင်မို့လို့ ပွဲစင်မြင့်ပေါ်မှာရှိနေပေမဲ့ Fourth , Fordနဲ့ အေနွမ်ကတော့ ဧည့်သည်တော်တွေအတွက် ချထားတဲ့ထိုင်ခုံနေရာများတွင် ထိုင်နေကြသည်။.
Satang Winny တို့က လေးနှစ်ကျော်လောက်တွဲခဲ့ပြီးမှ နှစ်ယောက်သားက လက်ထပ်လိုက်ကြတာဖြစ်သည်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက
တစ်ဦးအပေါ်တစ်ဦး နားလည်ကြပြီး အချင်းချင်းယုံကြည်မှုနဲ့တည်ဆောက်ထားကြတဲ့ ဆက်ဆံရေးပင်။တစ်ဦးပေါ်တစ်ဦးသစ္စာရှိပါမည်လို့ ကျိန်နေတဲ့နှစ်ယောက်လုံးက အချင်းချင်းမျက်လုံးချင်းဆုံနေကြပြီး တစ်ဦးပေါ်တစ်ဦး နှစ်သက်မှုတွေအပြည့် ။
Fourth မင်္ဂလာဆောင်တဲ့နေ့တုန်းကဆို Geminiကို မျက်စောင်းထိုးပြီး မဆိုချင်ဆိုချင်နဲ့ ကျ်ိန် နေမိတာလေ ။
ဖာသာကတောင် သတိုးသားတွေကို အရိပ်တကြည့်ကြည့်လုပ်နေရသေး ။“Satang နဲ့ Winny က နေနဲ့လ ရွှေနဲ့မြပဲနော်
ဘေးမှFordက အားကျတဲ့လေသံကြီးနဲ့ ပြောနေတာကြောင့် Fourthလည်းရောယောင်ခေါင်းငြိမ့်လိုက်မိတယ်
“ဒီနေ့ Geminiရော ဘာလို့မလာတာလဲ
မင်းတို့နှစ်ယောက်လုံး ကို ဖိတ်ထားတာမလား“သူက အလုပ်နဲ့မို့လို့လေ.....မင်းတို့လို အားယားနေတာမှ မဟုတ်တာ .....
Fourthပြောလိုက်တော့ ဇက်လေးပုသွားတဲ့Fordပင် ။အေနွမ်ကတော့ ဘေးကနေ ဒိုင်ခံရယ်နေသည်။
“ .....မင်းတောင် အခုတလော အချိုးတွေပြောင်းနေတယ်နော် .. Fourth
.ဘာလဲGeminiတို့မိသားစုမှာ အလိမ္မာအိမ်ပါလေး လုံးလုံးဖြစ်နေပြီလား“သူ့မိသားစုက ငါ့ကို ဂရုစိုက်တယ်လေ ....
အာ့ကြောင့် ငါနေရတာအဆင်ပြေတယ်“ဟ ..မင်းကံကောင်းတာပေါ့ Fourthရ ...
ငါတောင် ငါ့crushနဲ့ ယူရင် သူ့မိသားစုက ကြည်ဖြူပါ့မလားမသိဘူး
“မုန့်ဆီကြော်က ဘယ်နားနေမှန်းမသိ
နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုတဲ့ စကားပုံလိုဖြစ်နေပြီ ။ ဟိုက သူ့ကိုဂရုတောင်မစိုက်တာကို ...
YOU ARE READING
My Bad Husband [Completed]
Fanfiction~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth