အိပ်ယာထက်မှာ စောင်ခြုံကွေးနေတဲ့Fourth ဆီမှ နှာချေသံတွေကြားရသည်။
ညနေက ထမင်းကျွေးတော့လည်း စားချင်စိတ်မရှိဘူး ဆိုပြီး ငြင်းလွှတ်သည်။
မိသားစုကလည်း အနှောင့်ယှက်မပေးချင်တာကြောင့် စားချင်တဲ့အချိန်မှ ထစားဖို့ Fourthကို ချော့ထားရသည်။Fourthတိတ်တိတ်လေး မျက်ရည်တွေကျနေပေမယ့် Geminiလွှတ်ထားလိုက်မိတယ်
သေချာပေါက် ဒီအချိန်မှာ သူ့မေမေအကြောင်းတွေးနေမှာပေါ့လေ ။“ဟတ်ချိုး......အင့်
နှာချေနေတဲ့အပြင် ရှိုက်သံလေးကလည်း တစ်ချက်ချက်ထွက်လို့လာသေးသည်။
အအေးမိနေပြီလားတောင်မသိ။“မှန်းစမ်း......ကိုယ်ပူနေသေးလား
စောင်အပြင်ဘက်ထွက်နေတဲ့ Fourthရဲ့ နဖူးပြင်ကို လက်နဲ့ စမ်းလိုက်တယ်
Fourthက မကြိုက်သည့်ပုံဖြင့် သူ့လက်ကို ရှောင်ဖယ်နေတုန်း ။“ကိုယ်တွေ ပူနေတာပဲ .....ဆေးသောက်ရမယ်ထ
“ဟင့်အင်း....မထချင်ဘူး
“မထလို့ ဘယ်ရမှာလဲ
အစာစားပြီးရင် ဆေးလဲသောက်ရမယ်....
ထမင်းမစားချင်ရင် .....ဘာစားချင်လဲ
မင်းကြိုက်တာ တစ်ခုခုလုပ်ခဲ့ပေးမယ် ....“သွား.....အဲ့တာဆို မေမေနဲ့ယူမယ့်လူကို သွားသတ်လှည့် ”
“အဲ့တာဆို ...ကိုယ်ထောင်ကျမှာပေါ့ ....
မင်းကို လုပ်ကျွေးမယ့်သူတောင် မရှိဘဲနေမယ်နော်Gemini ရယ်ကျဲကျဲပြောလိုက်ပေမယ့် အဆိုးလေးက နှုတ်ခမ်းကို ဆူထားဆဲ။
Fourthရဲ့ ဖောင်းနေတဲ့ ပါးလေးကို လှမ်းညှစ်လိုက်သည်မို့ Geminiလက်ကို အိပ်ရာပေါ်ကနေ ရိုက်ပစ်သည်။
“မရှိလဲ နေပစေ ....
“Fourth ”
အနားနားကပ်လာတဲ့ Geminiကြောင့်Fourthမျက်မှောင်တွေတောင် ကြုံ့လို့ ။
“မေမေ့ကို ခွင့်ပြုလိုက်ပါ Fourthရဲ့
သူလည်း Fourthကို ဖေဖေမရှိဘဲ အကြာကြီး ပြုစုပျိုးထောင်လာတာမဟုတ်လား
ဒီအချိန်မှာ ဆေးပေးမှီးယူလေး မေမေလည်း လိုချင်မှာပေါ့လေ "“အဲ့အကြောင်းပြောမယ်ဆိုရင် အနားနားမကပ်နဲ့သွား.........
“ဒါဆို ဘယ်အကြောင်းပြောစေချင်လို့လဲ
![](https://img.wattpad.com/cover/344472910-288-k441948.jpg)
KAMU SEDANG MEMBACA
My Bad Husband [Completed]
Fiksi Penggemar~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth