1

8.4K 291 10
                                    

ပြတင်းပေါက်ကကျရောက်လာသော နေရောင်ခပ်စူးစူးတို့သည် သူ့ရဲ့မျက်လုံးတွေကို ပွင့်လာဖို့တွန်းအားပေးနေလျှက်ရှိသည် ။

သိုပေမယ့် ညက သောက်တာများသွားတဲ့အရှိန်ကြောင့် အိပ်ယာကနေထလို့မရအောင် ခေါင်းကလည်းညီးစီနေလျက်ရှိသည်။

ပြီးတော့ သူ့ရဲ့လက်တွေက တစ်ခုခုကိုဖက်တွယ်ထားသည်။ ဘာပါလိမ့်
ခန္ဓာကိုယ်တစ်ခု
လူတစ်ယောက်လား?
ဒီအခန်းက သေချာပေါက် ငါ့အခန်းလေ ....

"ဟိုဟိုဒီဒီ လိုက်စမ်းမနေနဲ့တော့
မင်းအိပ်ယာထဖို့ စိတ်ကူးရောရှိသေးလား"

ဘေးက အသံတစ်သံကြောင့် သူလန့်ဖြတ်မိသွားသည်။

အသံပိုင်ရှင်က Gemini !
မဖြစ်နိုင်ပါဘူး

မျက်လုံးတွေကို ဖြတ်ခနဲဖွင့်ကြည့်လိုက်တော့ သေချာပေါက် ငမိုက်သား Gemini Norawit!

"ဟေး"

Fourthလန့်ဖြတ်သွားကာ ကုတင်ပေါ်ကပြုတ်ကျပြီး သူ့ရဲ့ခါးတောင်နာကျင်သွားသည်။

"မင်း ....မင်း .....ဘယ်လိုလုပ် အခန်းထဲရောက်နေတာလဲ "

"ဟမ်......ငါ့အ၀တ်အစားတွေရော

Fourthတစ်ယောက် သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်မိတော့ ဘောင်းဘီကလွဲရင် အ‌ေပါ်ပိုင်းအ၀တ်အစားများဟာ ကပ်ငြိမနေ။

"Gemini Norawit ... မင်းငါ့ကိူ ဘာလုပ်လိုက်တာလဲ

Fourthသူ့ရဲ့အသံရှိသမျှ ညှစ်ထုတ်အော်လိုက်သည်။
သိုပေမယ့် Geminiကတော့ Fourthအသံကို အာရုံမထားကာ အိပ်ယာထက်က စောင်တွေကိုခေါက်နေတော့သည်။

"ဝုန်း "

"အစ်ကိုကြီး ဘာဖြစ်တာလဲ အော်သံကြားလိုက်လို့"

အသက်၁၆နှစ်အရွယ်လောက်ရှိတဲ့ မိန်းကလေးတစ်ယောက်က တံခါးကို အလောတကြီးလာဖွင့်ကာ သူတို့မြင်ကွင်းကို ကြောင့်ကြည့်နေပြီးမှ ...
Fourthကို မြင်ကာ သူမရဲ့မျက်လုံးကိုလည်းပိတ်ဖို့‌မမေ့ဘဲ ထပ်အော်တော့သည်

"မေမေရေ ....လာပါဦး
ဒီမှာ....အစ်ကိုကြီး အခန်းထဲမှာ ....

Fourthရုတ်တရက်ကြီး ကုတင်ပေါ်ခုန်တတ်မိရင်း Geminiလက်ထဲက စောင်တွေကိုဆွဲယူကာ သူ့ကိုယ်ပေါ်ကို အုပ်ကာထားတော့သည်။

My Bad Husband [Completed]Where stories live. Discover now