8

2.7K 200 5
                                    

"သားGem လား

"ဟုတ် မေမေ ....ဘာကိစ္စရှိလို့လဲ

Fourthမေမေထံမှ မဆက်စဖူး အလုပ်ကို ဖုန်းဆက်လာတာကြောင့် Geminiဖုန်းကိုင်လိုက်ရသည် ။

"Fourthနဲ့ နေ့လည်က အိမ်မှာ ကတောက်ကဆဖြစ်သွားလို့ ..
အဲ့တာ သားGemကပဲ ဖျောင်းဖျပေးပါဦး

"ဪ...ဟုတ်....
Fourthရောက်လာတာလား

"ဟုတ်တယ် နေ့လည်ကလေ
အခု...အိမ်ကိုဖုန်းဆက်ကြည့်တော့ မင်းညီမလေး ဖုန်းကိုင်တယ်
ကိုကြီးFourthအိမ်ပြန်မရောက်သေးဘူးတဲ့

"ဗျာ....

"အရင်ထဲကFourthက မေမေနဲ့စိတ်ဆိုးရင် ခြေဦးတည့်ရာ လျှောက်သွားတာ
အဲ့တာ စိတ်ပူလို့

"ဟုတ် ...ဟုတ်
ကျွန်တော်အလုပ်ကို ခွင့်တိုင်ပြီး လိုက်ရှာပေးပါ့မယ်

"အေးပါ ...သားကိုပဲ အပ်လိုက်ပါတယ်
မေမေ ဒုက္ခပေးမိပြီ

"မဟုတ်တာပဲ ...ကျွန်တော်ရှာပေးပါ့မယ်
စိတ်မပူနဲ့နော်

"ဟုတ်....စိတ်ချပါ မေမေ.....

Geminiအလုပ်ကိုခွင့်တိုင်ကာ Fourthကို လိုက်ရှာဖို့ ခရီးဆက်ရတော့မည်။

ကားတစ်စီးနဲ့ Bangkokရဲ့ Fourthသွားနေကျလမ်းတွေကို မှန်းဆပြီး မောင်းနေတော့သည်။

မနက်ကတော့ အမေ့အိမ်သွားမယ်မပြောထားဘဲ နေ့လည်က ဘယ်လိုစိတ်ကူး‌ေပါက်ကာ သွားလိုက်မှန်းမသိ။

Fourthက မိတဆိုးသားလေးမို့ အမေ့ကိုတော့ အရမ်းချစ်ရှာသည်။

သူပြောတဲ့စကားတွေထဲမှာ သူ့အမေနာမည်မပါရင်မပြီး။

ဖုန်းကိုခေါ်တော့လည်း မကိုင်သည်မို့Geminiစိတ်ပူသွားရသည်။
Fourthက သူ့ဖုန်းကို ကိုင်လေ့ ကိုင်ထ မရှိတော့လည်း အခက်သားရယ်။

Geminiအားမလျှော့ဘဲ ဆက်တိုက်ခေါ် နေတာကြောင့် မကြာခင်မှာ Fourthဘက်က ဖုန်းကိုင်လာသည်။

"Fourth ....ဘယ်မှာလဲ ?
အိမ်ကလူတွေ မင်းကို စိတ်ပူနေကြတယ်

"............"

"Fourth တစ်ခုခုဖြစ်နေတာလား .....

တစ်ဖက်က ရှိုက်သံသဲ့သဲ့လေးထွက်လာတာကြောင့် Geminiခုမှပဲ အသက်ရှူလိုက်မိသည်။

My Bad Husband [Completed]Where stories live. Discover now