ပြုတ်ပေးတဲ့ခေါက်ဆွဲကို ခေါင်းမဖော်ပဲစားနေတဲ့Fourthကြောင့် Geminiသနားစိတ်တောင်၀င်မိသည်။
ဘယ်ချိန်ထဲက ဗိုက်ဆာနေမှန်းမှ မသိတာ။
ဗိုက်ကလည်းဆာ ပျင်းကလည်းပျင်းတတ်ပါဘိနဲ့ ။
နောက်ဆုံးစာလုပ်နေတဲ့သူကပဲ ထိုင်နေတဲ့သူကို ခေါက်ဆွဲထပြုတ်ပေးရတော့တာပင် ။
ဒါတောင် ကြက်ဥထည့်၊ ဟိုအသီးနှံထည့်ဦးဖြင့် လက်ညှိုးတစ်ထိုးထိုးလုပ်နေသေးသည်။
အိမ်ပေါ်ထပ်က မာတာမိခင်ကြီးသာ သူ့သားအခိုင်းခံနေရတဲ့အဖြစ်သာမြင်ရင်တော့ ရင်ထုမနာဖြစ်နေလောက်မည်။ပြုတ်ပေးတဲ့သူကိုတောင် ဟန်ဆောင်ပန်ဆောင်မခေါ်နိုင်ပဲစားနေတဲ့ ကောင်လေးကိုကြည့်ရင်း Gemini ပြုံးမိတယ် ။
“ဘာကြည့်နေတာလဲ ...စားချင်လို့လား
စားမယ်ဆိုရင်တောင်မျှကျွေးမယ့်ရုပ်လေး မဟုတ်တာကြောင့် Geminiခေါင်းခါပြလိုက်သည်။သူချက်ကျွေးတာ သဘောကျတယ်ဆိုတာနဲ့တင် ပျော်နေရပြီ ။
မနက်ဖက်တွေဆိုရင်လည်း Fourth ကသူ့အတွက် ထမင်းတော့ ထချက်ပေးသည်။“ရေခဲသေတ္တာထဲမှာ orange juiceရှိတယ် ...
သွားယူခဲ့ပေး "“ကိုယ့်ဘာသာ သွားယူတော့ကွာ ...ဒီည စာလုပ်ရဦးမယ်
“အောင်း....ငါ့ခြေထောက်တွေမင်းရိုက်ထားလို့နာနေပြီ ...ဒီမှာတွေ့လား
Fourth ရဲ့ ခြေသလုံးသားဖြူဖြူတွေမှာ Geminiလက်ချက်ကြောင့် အနီစင်းလေးတွေ ထနေသည်။မထနိုင်လောက်အောင်ကြီးတော့မဟုတ်ပေမယ့် ပျင်းတာနဲ့ ရောနေတော့တာ။
“သွားယူပေး......မြန်မြန်....
ဒီတစ်ခါလည်း ထပ်မငြင်းပယ်နိုင်ပြန်တော့ သူသောက်ချင်တဲ့Juiceကိုသာ Gemini မီးဖိုခန်းထဲသွားကာ ယူပေးလိုက်ရသည်။
“ကဲ ...ဘာခိုင်းချင်တော်မူပါသေးလဲ
သခင်မလေးGeminiရွဲ့ကာ Fourth ရဲ့ အနားမှာနေတော့ juiceသောက်နေရင်း စာလုပ်တဲ့ခုံကို လက်ညှိုးထိုးပြတယ် ၊ သွားလို့ရပါပြီတဲ့လေ။
ဒါတောင် ဗိုက်၀ပြီး အိပ်ရာပေါ်တတ်မှ မီးအရောင်ကြောင့်မအိပ်နိုင်ဘူးဆို၍ Geminiမီးထပိတ်ပေးရသည်။
အချိန်မှာကား ည ၁၁နာရီ။
စာကြည့်မီးအိမ်လေးဖြင့် Geminiအခန်းထဲမှာ လုပ်လက်စ အရာတွေကို အချောသတ်နေရတော့သည်။
ESTÁS LEYENDO
My Bad Husband [Completed]
Fanfic~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth