“အစ်ကိုကြီး ...အလုပ်မှာမူးလဲသွားလို့တဲ့
ခုဆေးရုံရောက်နေတယ်တဲ့Ninက ဖုန်းဆက်ရင်းပြောတာကြောင့် Fourth ပူထူသွားသည်။လုပ်လက်စအလုပ် ကိုလည်း ခြေမကိုင်မိလက်မကိုင်မိဖြင့်။
“Nin ငါတို့လိုက်သွားကြမလား....
မေမေကလည်း ဈေးသွားနေတယ်“လိုက်မယ်လေ ကိုကြီး
အိမ်ကိုသော့ပိတ်ထားရအောင် ...နှစ်ယောက်သားအပြေးအလွှားဖြင့် တက္ကစီခေါ်ပြီး ဆေးရုံသို့ပြေးရတော့သည်။
“အစ်ကိုကြီးက သွေားအားနည်းရောဂါရှိတယ်....
အိပ်ရေးလည်း အရမ်းပျက်လို့မရဘူးလေ“ငါ့အမှားပါ ....မနေ့ကသူလည်း မိုးမိသွားတယ်
ဒါပေမဲ့ ဖျားနေလားတောင် မသိခဲ့ဘူး
ညကလည်း ငါ့ကို ပြုစုနေရသေးတယ်“ကိုကြီးအမှားလည်းမဟုတ်ပါဘူး
စိတ်မကောင်းမဖြစ်ပါနဲ့နော် ။.....
လူနာတွေထားရာအဆောင်တွေကများသည်မို့ ဆေးရုံကျယ်ကြီးထဲမှာ Fourthနဲ့ Ninလိုက်ရှာရင်း ဗျာများနေသည် ။
ပြီးမှGeminiတို့companyက အသိတစ်ယောက်နဲ့Ninနဲ့တွေ့တာကြောင့်Geminiရှိရာ အခန်းသို့ တန်းတန်းမတ်မတ်ရောက်လာသည်။
အိပ်ရာပေါ်မှာ ပက်လက်အနေထားဖြင့်Geminiက မျက်လုံးမှိတ်ထားကာ လဲလျောင်းနေသည်။
“သူသတိမေ့နေသေးတာလား Nin
“ဟုတ်ပါရဲ့ .
Geminiရဲ့လက်မှာလည်း Saline dripတစ်ခုချိက်ကာထားသည် ..
“အဲ့တာတွေ အကုန်လုံး င့ါကြောင့်
“ကိုကြီးကလည်း ပြောပြန်ပြီ ။
အဲ့တာက အစ်ကိုကြီးGeminiက ချစ်လွန်းလို့ ဂရုစိုက်ပေးတာလေ
ကိုကြီးက ဘာအားနာစရာလိုလို့တုန်း“ဟမ်....သူက ငါ့ကိုချစ်လွန်းလို့လား
ကုတင်ပေါ်ကGeminiကို Fourthကြည့်လိုက်တော့ ပကတိငြိမ်သက်နေဆဲ ။
“ဟုတ်တယ်လေ ကိုကြီး အားနာနေရင် မောရုံပဲရှိမှာ
ကိုကြီးကို ချစ်တဲ့သူကတော့ လုပ်ပေးရလို့ ပျော်တောင်ပျော်နေဦးမှာ
YOU ARE READING
My Bad Husband [Completed]
Fanfiction~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth