“ကိုကြီး....”
Geminiညီမဖြစ်သူNinရဲ့ ခေါ်သံကြောင့်Fourth ဘေးပတ်၀န်းကျင်ကိုကြည့်လိုက်တယ်
သူ့အစ်ကို....ပြန်ရောက်နေလို့လားမသိ။
ဘေးပတ်၀န်းကျင်မှာတော့မတွေ့။“မဟုတ်ဘူး....ကိုကြီးFourthကို ခေါ်တာ
Fourthသူ့ကိုယ်ကို လက်ညှိုးထိုးကာပြတော့Ninက ခေါင်းငြိမ့်လာသည်
“ဘာလို့လဲ Nin
Fourth ဖုန်းကြည့်နေရာက ရပ်လိုက်ပြီးNin ဘက်သို့ လှည့်ပြောလိုက်သည်။
“Ninညကျရင် သူငယ်ချင်းနဲ့ ဘားသွားချင်လို့ ”
“သွားလေ....
Ninလည်း အပြင်ထွက်ချင်မှာပေါ့ ၊ လူငယ်ပဲဟာ။
Fourth တို့အဖွဲ့တောင် ခဏခဏသွားခဲ့ကြသေးတာပဲလေ။“မဟုတ်ဘူး.....အဲ့လိုမဟုတ်ဘူး
Ninဒီအိမ်ကနေ ညဘက်ထွက်ရင် အစ်ကိုကြီးနဲ့ မေမေ၊ဖေဖေတို့က ဆူမှာ“အဲ့တာဆို မသွားနဲ့လေ ....Nin
“မဟုတ်ဘူး ....ကိုကြီးFourthကိုလဲ
... လိုက်စေချင်တာ“ဟမ်....ငါက
“အင်း...ဟုတ်တယ်
ကိုကြီးသာလိုက်ရင် .....အိမ်က ဆူမှာမဟုတ်ဘူး“အစ်ကိုက ကိစ္စမရှိဘူးလေ
သွားနေကျပဲဟာ ..ဒါမဲ့အိမ်က အစ်ကိုလိုက်ရင် မဆူမှာသေချာလား“အင်း ......သေချာပါတယ် ကိုကြီးရဲ့
“ဒါဆိုလည်း သွားမယ်လေ
ဒါမျိုးဆိုFourth Nattawatကို နှစ်ခါမဆွယ်ရပါ။သူလည်း တစ်ပတ်တစ်ခါလောက် သွားရမှ နေသာထိုင်သာရှိသည်မို့ပင်
......
DJ သံတွေလွင့်ပျံနေတဲ့ မီးရောင်စုံတွေကြားရောက်တော့ Ninနဲ့ သူငယ်ချင်းမလေးက ရေပေါ်လွှတ်လိုက်တဲ့ ငါကလေးများနှယ်။
Fourthကိုတောင် မစောင့်ကြ။Fourthရဲ့ သူငယ်ချင်းများလည်းပါမလာတာမို့ Ninတို့ဘက်ကိုကြည့်လိုက်ရင်း လွတ်နေတဲ့ ထိုင်ခုံတစ်ခုစီ၀င် တစ်ကိုယ်ထဲ ထိုင်လိုကိသည်။
Ninတို့ကလေးတွေကတော့ လူငယ်သဘာ၀အရ ပျော်နေကြသည်မို့ Fourthထူးဆန်းမနေ။
သူ့အတွက်က mojito cocktailတစ်ခွက်ဖြင့် အဖော်ပြုနေလိုက်သည်
YOU ARE READING
My Bad Husband [Completed]
Fanfiction~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth