“Fourthကို မေမေ သုံးရက်လောက် အိမ်ခေါ်သွားချင်လို့Gemini ...
သားလေးနဲ့အတူမရှိရတာကြာတော့ သတိတွေလဲရနေလို့မေမေက အဲ့ဒီ့လူကို သွားပြီး ခွင့်ပြုချက်တောင်းနေသေးသည်။
Geminiက ဟန်တောင်မဆောင်နိုင်တဲ့ မျက်နှာမှိုင်းမှိုင်းနဲ့ပဲအမေ့ကို ခွင့်ပြုပေးလိုက်တယ် ...
“Ninကို ဖုန်းဆက်ဦးနော် .....ကိုကြီး
မိNinကတော့ မေမေ့နောက်လိုက်လာတဲ့Fourthကို အိမ်တံခါး၀မှာ တဖွဖွမှာနေပေမယ့် Geminiကတော့ သတင်းစာဖတ်ပင် မပြတ်။
ဒီလိုမျိုးFourthသိပ်ဘ၀င်မကျချေ။ခြံထဲက ထွက်လာပြီး မေမေ့ကားပေါ်လိုက်လာတော့ နည်းနည်းတော့ Fourthရင်ထဲလစ်ဟာသွားသလိုမျိုးခံစားရသည်။
2လကျော်လောက်ထိ နေခဲ့တဲ့အိမ်ကိုပဲ သံယောဇဉ်တွယ်နေမိလို့လားပင်မသိ။
သိုပေမယ့် မေမေကFourthကို သတိရကြောင်းပြောနေတာနဲ့တင် မေမေ့ဆီကိုFourthရဲ့ အာရုံတွေက ကပ်ငြိသွားပြန်တယ်
တစ်သက်လုံးနေလာခဲ့တဲ့ မိဘအိမ်ရောက်ရောက်ချင်းမှာပဲ Fourthအတွက်အသစ်အဆန်းတွေ စဖြစ်လာတော့တာပဲ။
မေမေ့ရဲ့ နောက်ယောင်္ကျားဖြစ်သူက သူတို့ရဲ့ကားလေးကို အိမ်ရှေ့မှာ ထွက်စောင့်ကြိုနေတာကြောင့် Fourth အိမ်ပြန်ပြန်ရောက်ချင်းမှာ နေရခက်စွာ။
သူမရဲ့ နောက်အိမ်ထောင်က Fourthကိုပါ ဖော်ဖော်ရွေရွေနဲ့ကြိုဆိုတဲ့အတွက် မေမေ့အတွက် Fourthစိတ်ပူနေခဲ့တာတွေက တစ်ထစ်လောက်တော့ လျှော့ကျ စေခဲ့ သည်။
ထိုလူရဲ့ ရုပ်ရည်ကလည်း အထက်တန်းလွှာကမှန်းတန်းသိနိုင်ပြီး မေမေ့ကိုလည်း ဂရုစိုက်ပုံရသည်။
မေမေက ပြုံးပျော်နေတာကို မြင်ရပေမယ့်Fourthစိတ်ထဲ တစ်မျိုးကြီး။
တစ်ယောက်ထဲ သီးသန့်ကမ္ဘာတစ်ခုကို မေမေ့အိမ်မှာ ခွဲခြားခံလိုက်ရသလိုမျိုးပင်။ဒါပေမဲ့လည်း Fourthအတွက် ဒီနေရာမှာ သုံးရက်လောက် နေထိုင်ရဦးမည်။
.........
မေမေက သူ့ယောင်္ကျားကို အကဲခတ်ကြည့်ဖို့ Fourthကို ပြောသည်။
သေချာတာတော့ Fourthအိမ်ပြန်လာတဲ့ ခရီးဟာ အလည်သက်သက်မဟုတ်ပါဘူး
KAMU SEDANG MEMBACA
My Bad Husband [Completed]
Fiksi Penggemar~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth