15

4.7K 281 46
                                        

လေဆိပ်ကိုလိုက်ပို့တဲ့ တက္ကစီသမားရဲ့ အမ်းငွေကို Fourthပြန်မယူနိုင်တော့။
တကယ်လို့ လေယာဉ်သာမမှီရင် Fourthကိုယ့်ကိုယ်ကို နောင်တရလို့ဆုံးမယ်မထင်။

များပြလှတဲ့လူတွေထဲမှာ Geminiကို ရှာဖို့ Fourthမောဟိုက်နေမိသည်။

တစ်ယောက်ထဲ နေရာအနှံ့ကို ပြေးသွားရင်း Geminiရဲ့ ပုံရိပ်သဏ္ဍန်များတွေ့လေမလားဆိုပြီး ရှာရတာပင် မူးချာနောက်နေခဲ့ပြီ ။

.........

သူဠေးကို လိုက်ပို့ဖို့အတွက် လေဆိပ်က ထိုင်ခုံ တွေမှာ ၀န်ထမ်းနှစ်ယောက်နဲ့အတူ Geminiထိုင်နေခဲ့သည်။

Fourthကို ကတိပေးထားတဲ့ ၃လပြည့်ရင် သူဘယ်လိုနေရမလဲ‌ဆိုတာ Gemini
ခဏခဏ ကြိုတွေးခဲ့ဖူးပါသည်။

Forthကို သူများမယဉ်နိုင်လောက်တဲ့အထိ ချစ်ခဲ့ရသည်။
သူနဲ့အတူနေတိုင်းလည်း Geminiပျော်ရွှင်ရသည်။
စိတ်တိုတတ်တဲ့ကောင်လေးကို စရတာလည်း သဘောကျသည်။ သူပေးတဲ့ ဒဏ်ရာလေးတွေကိုလည်း အမြတ်တနိုး တစ်သက်လုံးသိမ်းထားချင်မိသည်။

မနေ့က အေနွမ်နဲ့Fourthကို မြင်တော့ သူအလုပ်ကို ကားမောင်းလာခဲ့ပြီး အိမ်မပြန်ချင်လောက်တဲ့အထိ ဖြစ်ခဲ့ရသည်။ Fourthဖုန်းဆက်နေတာ သိပေမယ့် သူကိုင်ဖို့ အင်အားတွေမရှိခဲ့ပါ။

ဒီမနက်ပေးလိုက်တဲ့ကွာရှင်းစာချုပ်နဲ့အတူ Fourthကို တသက်လုံးသာ အတိတ်မှာပဲ သိမ်းထားချင်တော့သည်။
အသည်းကွဲတဲ့ဒဏ်ရာက နက်နဲပေမယ့် အရင်ကလည်း Fourthနဲ့ ဝေးတဲ့နေရာမှာ နေလာခဲ့ရတဲ့အတွက် အခုလဲ သူနေနိုင်မယ်ထင်ပါရဲ့။

“Gemini .....ခွေးကောင်

အသံသေးသေးလေးလာရာကိုလှည့်ကြည့်လိုက်တော့ Fourth ပင်။

မောဟိုက်နေတဲ့ပုံလေးဖြစ်ပြီး လက်သီးနှစ်ဖက်ကိုလည်းကျစ်ကျစ်ဆုပ်ထားကာGemini ကို မကျေနပ်တဲ့ အမူအရာနဲ့ကြည့်နေလေရဲ့

Geminiခြေထောက်တွေက အသံကြားတာနဲ့တင် ရပ်ပြီးလေပြီ။

“Fourth .....

ခြေလှမ်းကျဲကျဲတွေနဲ့Fourthရောက်လာပြီးး သူ့ရဲ့ရင်ဘတ်တွေကို ထုနေသည်မို့Fourthလက်တွေကိုဆုပ်ကိုင်လိုက်ရသည်။
လူမြင်ကွင်းမှာရှိနေတဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေနဲ့Fourthကို လူရှင်းတဲ့နေရာဆွဲခေါ်လာခဲ့သည်။

My Bad Husband [Completed]Kde žijí příběhy. Začni objevovat