ဒီနေ့ကGemini ဖေဖေရဲ့ ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် သူတို့ မွေးရပ်မြေရွာကို Geminiမပါဘဲ ဖေဖေရယ် ၊ မေမေရယ် ၊Ninနဲ့ Fourthအတူ ကားတစ်စီးနဲ့ထွက်လာကြသည်။
Geminiကတော့ သူ့ရဲ့ အလုပ်တွေပြီးတာနဲ့ နောက်က လိုက်လာခဲ့ဖို့ မေမေက မှာထားပြီးသား။
Fourthက Bangkokoမှာပဲ မွေး ၊ Bangkokမှာပဲ ကြီးပြင်းတာကြောင့် တစ်ခါမှ ရွာတွေဆီ အလည်တောင် မရောက်ခဲ့ဖူး။
လမ်းမှာ မိNinနဲ့ မေမေပြောပြတဲ့ ရွာရဲ့ ထူးခြားချက်တွေက
Fourth အတွက် တစ်ခါမှ မသိခဲ့ဖူးတာတွေပင်။ရွာလမ်းအ၀င် စပါးစိုက်ခင်းတွေရဲ့ဘေးမှာလည်း ထန်းပင်တွေကို အများဆုံးစိုက်ပျိုးထားကြတယ်
သွားတဲ့လမ်းတိုင်းမှာ ထန်းပင်တွေကိုပဲ ဖြတ်ကျော်လာရသည်မို့ Fourth မေးလိုက်မိသေးသည်။
ထန်းပင်တွေက မြေအောက်အနက်ကြီးမှာရှိတဲ့ရေဓာတ်တွေကို စုပ်ယူနိုင်ပြီး လယ်ကွင်းထဲက စိုက်ခင်းတွေကိုလည်း ရေဓာတ်တွေ ပေးနိုင် တာ ေကြာင့်တဲ့လေ။ ပြီးတော့ ရွာသားတွေက စပါးတွေကိုစိုက်ပျိုးကြတယ်
ထိုဗဟုသုတတွေကို တစ်ခုမှမသိခဲ့ဘဲ လယ်ထဲက ရတဲ့ထမင်းကို Fourth ဘယ်ကဖန်တီးထားမှန်းပင်မသိ။မကြာခင် ရွာထိပ်ကို၀င်လာကြတော့ Geminiတို့ ဘိုးဘွားတွေရဲ့ ခြေတံရှည်အိမ်ကြီးရှိရာ ခြံ၀န်းထဲကို ရောက်လာသည်။
ကား၀င်လာသည်မို့ ကြိုဆိုနေကြတဲ့ ဆွေးမျိုးတွေလည်း အများသား။
Geminiတို့ ဖေဖေကသာ မြို့မှာနေတာဆိုပေမယ့် ဆွေမျိုးတွေကတော့ ရွာမှာပဲကျန်နေခဲ့ဟန်တူသည်။ အဘိုးနဲ့ အဘွားကတော့ အသက်အားဖြင့် ၆၀ကျော်လောက်ရှိကြပြီး
သွားနိုင်လာနိုင် သွက်သွက်လက်လက်တွေဖြင့်ပင်။
အဘိုးကတော့ Gemini မျက်နှာပုံစံနဲ့တောင် ဆင်နေသေးသည်။“ဒါက ငါ့မြေးလေးရဲ့ ကောင်လေးလား
ဖြူဖြူဖွေးဖွေး ချစ်စရာလေးဟဲ့Fourthက ဒီနေ့မှ တီရှပ်အဖြူလေး၀တ်ထားတာကြောင့် Geminiမေမေကြီး ပြောလိုက်တဲ့ တစ်လုံးတစ်ခဲစကားကြောင့် ရှက်တောင်ရှက်သွားမိသည်။
“လာ ...လာ အိမ်ထဲ၀င်
ခြံထဲမှာတော့ သီးပင်၊ စိုက်ပင်တွေ တိရစ္ဆာန်တွေပေါင်းစုံရှိနေပြီး မိNinကတော့ ခြံထဲမှာ မွေးထားတဲ့ ခွေးပေါက်လေးတွေဆီFourthကို ထားခဲ့ကာ
ပြေးသည်။
ဒါကြောင့်Fourthသာ ယောင်လည်လည်ဖြင့် Geminiမေမေဘေးနား ကပ်ထိုင်လိုက်ရသည်။
![](https://img.wattpad.com/cover/344472910-288-k441948.jpg)
YOU ARE READING
My Bad Husband [Completed]
Fanfiction~~~ငါ့ရဲ့ခင်ပွန်းအဆိုးလေး ~~~ [ MYANMAR UNICODE] _Gemini×Fourth