ဖဝါးထက်က ပုလဲသွယ် (၁၂)

1.4K 234 7
                                    

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၁၂)

Translator - Jinnie Grace

________ 

ခဏအတွင်းမှာပင် ဦးခေါင်းဖြူနှင့် အဘိုးအိုတစ်ယောက်ဝင်လာကာ အမျိုးသမီးများကို အရိုအသေ ပေးလိုက်လေ၏။ မိဖုရားခေါင်ကြီးက ပြုံးကာပြောလိုက်သည်။

“ဒါက အမတ်ချုပ်ကြီးအိမ်တော်က သမီးအကြီးဆုံးလေးပါ။ သူလေးကချူချာတော့ သွေးခုန်နှုန်းလေးစမ်းပေးပါဦး”

ယဲ့လီကျူးက မိဖုရားခေါင်ကြီးဘေးတွင် ထိုင်လိုက်သည်။ သမားတော်က မြေပေါ်တွင် ဒူးထောက်ထိုင်ကာ ကန့်လန့်ကာများကာထားရင်း သွေးခုန်နှုန်းကို စမ်းကြည့်လိုက်သည်။ ထို့နောက် သမားတော်က ခေါင်းကိုယမ်းရင်း မိဖုရားခေါင်ကြီးကို ကြည့်လိုက်၏။ “ဧကရီ မစိုးရိမ်ပါနဲ့။ သူ့ကို ကျွန်တော် ဆေးအညွှန်းရေးပေးလိုက်ပါ့မယ်”

တော်ဝင်သမားတော်ရှု၏ မျက်နှာထားကိုမြင်တော့ ယဲ့လီကျူး၏ အခြေအနေ သိပ်မကောင်းမှန်း သူမနားလည်လိုက်သည်။

ဒီလိုနာမကျန်းဖြစ်နေသည့် ကောင်မလေးကိုတော့ အိမ်ရှေ့နန်းသို့ ပို့လို့မဖြစ်ပေ။

မဖြစ်နိုင်တာကို သိလေလေ မိဖုရားခေါင်ကြီး နှမြောလေလေပင်။

ယဲ့လီကျူး၏ နောက်ခံနှင့် ရုပ်ရည်လေးကို ကြည့်ပါဦး....

ထိုအချိန်မှာပင် အစေခံတစ်ယောက်က အပြင်မှနေ၍ သတင်းပို့လာသည်။

“အရှင်မ....အရှင်အိမ်ရှေ့မင်းသားက အခုအရှေ့နန်းကနေထွက်ပြီး လာနေပါပြီတဲ့။ ခဏနေရင် ရောက်ပါမယ်တဲ့။ ပြီးတော့ မိဖုရားရှန်နဲ့ ဒုတိယမင်းသား တတိယမင်းသမီးတို့လည်း အရှင်မကို ဂါရ၀ပြုဖို့ရောက်နေကြပါတယ်။ သူတို့အခုအပြင်မှာစောင့်နေကြပါတယ်”

မိဖုရားခေါင်ကြီး မပျော်တော့ပေ။ မိဖုရားရှန်က တကယ့်ချီးထုပ်မဖြစ်ကာ ရောက်လေရာနေရာ ပြဿနာရှာသည်။

သို့သော်လည်း သူမအပြုံးလေးနှင့်ပင် ခေါင်းညိတ်လိုက်သည်။

ပြောရင်းဆိုရင်းပင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဝင်လာသည်။ ယဲ့လီကျူးက လှမ်းကြည့်လိုက်တော့ ကြည့်ကောင်းသောမျက်နှာထားနှင့် တောက်ပသော အဝတ်အစားများကိုဝတ်ကာ နှုတ်ခမ်းထောင့်စွန်းများက ထီမထင်ဟန်ကော့တက်နေပြီး လက်စွပ်ကိုလည်း ပြူးနေအောင်ဝတ်ထားသူကို တွေ့လိုက်ရသည်။ သူမက မိဖုရားရှန်ဖြစ်ရမည်။

ဖဝါးထက်က ပုလဲသွယ် [MM translation]Место, где живут истории. Откройте их для себя