Discription

5.5K 367 10
                                    

ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့်ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ရမယ့်အချိန်ရောက်သည်အထိ မည်သူတစ်ဉီးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။

လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက်လျှောက်လိုက်ရုံဖြင့်ပင် ကူတွဲပေးရမည့်သူ လိုသည်အထိ အားပင်နည်းပါးသော ခန္ဓာကိုယ်ပိုင်ရှင်။ ထို့အပြင် အမတ်ချုပ်ကြီးကလည်း သူ့သမီးကညာလေးကို ကောင်းကင်ထိတက်အောင်ဖူးဖူးမှုတ်လို့ထားသည်။ အကယ္၍ ဒီလိုမကျန်းမာသည့်အလှလေးကိုလက်ထပ်ယူကာ ကောင်းကောင်း မခစားခဲ့လျှင် ရက်စက်လှသည့်အမတ်ချုပ်ကြီးယဲ့က သေချာပေါက် သတ်ပစ်မှာပင်။

ယဲ့လီကျူးတစ်ယောက် အတော်လေးစိတ်ညစ်နေပြီ။ သူမခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့အားနည်း၍လာသည်။ သူမသေအံ့မူးမူးအချိန်မှာပင် အမျိုးသားတစ်ယောက်က အမတ်ချုပ်အိမ်တော်သို့ရောက်လာခဲ့သည်။ ထိုအမျိုးသားက အရပ်ရှည်သည်၊ နတ်ဘုရားတစ်ပါးလိုအေးစက်သောအသွင်ရှိသည်။ ထို့နောက် ယဲ့လီကျူးကိုကြောက်ရွံ့သောမျက်လုံးများဖြင့်ကြည့်တတ်သည်။

သို့သော် အဆိုပါအမျိုးသား ယဲ့လီကျူးနားကပ်လာသည်နှင့် သူမ၏ ချိနဲ့သောခန္ဓာကိုယ်က တစ်နည်းမဟုတ်တစ်နည်းပြန်ကောင်းလာလေသည်။ သူ အဝေးရောက်သွားလျှင်တော့ သူမလည်း အသက်ပင်ကောင်းကောင်းမရှူနိုင်တော့။

နောက်ဆုံး တစ်ရက်တွင်တော့ ထိုအမျိုးသားနားတွင်ကပ်၍နေရလျှင် သူမအသက်ရှင်နိုင်သည်ဟုတွေးကာ ယဲ့လီကျူးတစ်ယောက် လဲကျချင်ယောင်ဆောင်လိုက်တော့သည်။

မိုးမြေတစ်ခွင်ဘာကိုမှမကြောက်သည့် အမတ်ချုပ်ကြီးယဲ့ခမျာ သူ့သမီးလေးကိုချက်ချင်းဆွဲထူကာ ခပ်တိုးတိုးပြောလိုက်၏။
"အဲ့ဒါ ဧကရာဇ်ကို​ စစ်သည်အင်အားတစ်သိန်းနဲ့ ခြောက်ရအောင်လာတဲ့ မင်းသားချင်ပဲ။ တခြားသိမ်မွေ့တဲ့ယောကျာ်းကိုရှာရအောင်ပါ သမီးလေးရယ်။ အဲ့မကောင်းဆိုးဝါးကိုတော့မကြည့်ပါနဲ့။"

ထို့နောက်တွင်တော့  မင်းသားက သနားစရာ လီကျူးလေးကို သူ့ရင်ခွင်ထဲပွေ့ကာ
"ကောင်းတယ်....နည်းနည်းလေးအနားတိုးဉီး"

ဒီအလှလေးကို ဘယ်လောက်ကြာကြာချစ်ခဲ့ရသည်ဆိုတာကိုတော့ မင်းသားကိုယ်တိုင်သာ သိလိမ့်မည်။

______

DISCLAIMER

ဤ၀တ္ထုသည် 纷纷和光 ၏ Pearl In The Palm ၀တ္ထုအား ဘာသာပြန်ဆိုခြင်းဖြစ်သည်။ english translationအား google ခေါက်၍ ရှာနိုင်သည်။

ဖဝါးထက်က ပုလဲသွယ် [MM translation]Donde viven las historias. Descúbrelo ahora