ဖဝါးထက်က ပုလဲသွယ် (၁၁)

1.5K 225 5
                                    

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၁၁)

Translator - Jinnie Grace

________

နောက်ရက်တွင် ယဲ့လီကျူးသည် အစောကြီးနိုးနေခဲ့သည်။ ယုရှားက သူမကို ဝတ်စုံဝတ်ဖို့ ပြင်ပေးနေချိန်တွင် ယဲ့ကျာ့ယိုက သူ့အစ်မကို လာကြည့်သွားသေးသည်။ ပြီးမှ ကျောင်းကိုသွား၏။

ယဲ့လီကျူးနန်းတော်ထဲသို့ သွားမည့်ကိစ္စကို သူသိသွားတော့ ကျာ့ယိုက ပြောသွားသေးသည်။

“ကျူးကျူး... မိဖုရားခေါင်ကြီးက တိုင်းပြည်ရဲ့မိခင်ပဲ။ သူမက အမြင်ကျယ်ပြီးကြင်နာတတ်တယ်။ စိတ်မလှုပ်ရှားနဲ့နော်။ မမသွားရင် နန်းတွင်းသမားတော်ကိုပါ သွေးခုန်နှုန်းစမ်းခိုင်းလိုက်။ မမနန်းတော်က ပြန်လာရင် ကျွန်တော်နဲ့ ညစာအတူတူစားမယ်”

ယဲ့လီကျူးက ခေါင်းညိတ်ပြသည်။

ယဲ့ကျာ့ယိုက ဆက်ပြော၏။ “မင်းသားက နူးညံ့ပြီး ချောချောမောမောပဲ။ မမ မင်းသားကို သဘောကျတယ်ဆိုရင်‌တောင် ကျွန််တော်နဲ့ အဖေက နားလည်ပါတယ်။ ဒါပေမဲ့ ကျူးကျူး...နန်းတွင်းဆိုတာ ကောင်းတဲ့နေရာတော့ မဟုတ်ဘူး။ ကျွန်တော်တို့မိသားစုနဲ့မသင့်တော်ဘူး”

ယဲ့လီကျူးက ခေါင်းထပ်ညိတ်ပြပြန်သည်။ “ကျာ့ယို မမ ဒါတွေအကုန်သိပါတယ်”

ယဲ့ကျာ့ယိုကပြော၏။ “ဒါဆို ကျွန်တော်သွားတော့မယ်”

သူမက သူမမောင်လေး၏ ကော်လံလေးကို သေချာပြန်ပြင်ပေးရင်းဆိုလိုက်သည်။ “လမ်းမှာဂရုစိုက်ဦး”

ယဲ့ကျာ့ယိုထွက်သွားတော့ ယုရှားက ယဲ့လီကျူးကို ခါးစည်းလေးစည်းပေး၏။ သူမခါးလေးက အလွန်သေးသွယ်ကာ လူလေးက လေပြည်တွင်ယိမ်းနွဲ့နေသော မိုးမခပင်လေးလိုပင်။ ယုရှားက ယဲ့လီကျူးထက်ကြီးသူမို့ လူ့ကိစ္စတွေကို သူမနားလည်သည်။ ကောင်မ‌လေးက အားနွဲ့ပုံ ပေါ်သော်လည်း ဖက်လိုက်လျှင်တော့ ရှိသင့်တာတွေရှိသည်။

အပေါ်ဝတ်ရုံဝတ်ဆင်ပြီးတော့ မားမားချန်က ဆေးခွက်နှင့်အတူ အခန်းထဲသို့ ဝင်လာသည်။ ယဲ့လီကျူးက ဆေးသောက်ပြီးမှ မနက်စာ စားသည်။

ဖဝါးထက်က ပုလဲသွယ် [MM translation]Donde viven las historias. Descúbrelo ahora