Translation of Pearl In The Palm.
ဖဝါးထက်က ပုလဲသွယ် (၁၅)
Translator - Jinnie Grace
________
မိဖုရားခေါင်ကြီးက လက်ဖက်ရည်ကိုတစ်ငုံသောက်လိုက်ပြီး ယဲ့လီကျူးကို ကြည့်လိုက်သည်။ သို့သော် သူမစကားတစ်ခွန်းမှ မပြောပေ။
ယဲ့လီကျူးကတော့ ဘေးတွင်ငြိမ်ငြိမ်လေးထိုင်နေကာ မိဖုရားခေါင်ကြီးက ဘာမှမပြောသည်မို့ သူမလည်း ဘာကိုမှ စမလုပ်မပြောပေ။
သူမက နဂိုကတည်းက စကားနည်းသူမဟုတ်ပါလား။
အချိန်အတော်ကြာမှ မိဖုရားခေါင်ကြီးဆီမှ စကားသံထွက်လာသည်။ “ယဲ့သခင်မလေးက ဒီမိဖုရားနားကို တိုးခဲ့ပါဦး”
ယဲ့လီကျူးက သွားထိုင်လိုက်၏။
မိဖုရားခေါင်ကြီးက သူမမေးဖျားလေးကို မကာပြောသည်။ “တို့ သေချာကြည့်ပါရစေဦး”
ယဲ့လီကျူးက မငြင်းပေ။ မိဖုရားခေါင်ကြီးကလည်း သူမကို သေချာကြည့်လိုက်သည်။ သူမတွေးမိသည်က ဒီမိန်းကလေးက ငယ်ရွယ်ချိုမြကာ ရုပ်ရည်ကလည်း လှလွန်းလှသည်။ သို့သော် အသေအချာကြည့်လျှင်တော့ သူမမျက်လုံးတွေက ငြိတွယ်ဖွယ်ရာပင်။ သူမ၏ ထိုမျက်လုံးများကို ကြည့်မိသည့်သူတိုင်း ရုန်းထွက်နိုင်မှာမဟုတ်ပေ။
မိဖုရားခေါင်ကြီးက သူမကိုကြည့်သလို သူမကလည်း မိဖုရားခေါင်ကြီးကို ကြည့်နေမိသည်။
မိဖုရားခေါင်ကြီးက ရင့်ကျက်သော်လည်း နုပျိုသော အမျိူးသမီးတစ်ယောက်ပင်။ သို့သော် သေချာကြည့်လျှင်တော့ မိန်းကလေးနှင့် အမျိုးသမီးကြားတွင် ကွာခြားချက်က ရှိနေတုန်းပင် ဖြစ်သည်။ မိဖုရားခေါင်ကြီး၏မျက်လုံးတွေက နက်ရှိုင်းကာ ပျော်ရွှင်ပုံမရ။ မျက်လုံးထောင့်တွင်လည်း အရေးအကြောင်းများ ရှိနေကာ ပါးရေလည်း အနည်းငယ်တော့ တွန့်နေလေပြီ။
ယဲ့လီကျူး၏ မျက်တောင်လေးတွေ လှုပ်ရှားသွားသည်။
မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “မနက်ဖြန် လေ့ကျင့်ကွင်းမှာ သိုင်းပြိုင်ပွဲရှိတယ်။ မင်းသားချင်ရော၊ အိမ်ရှေ့မင်းသားရော ကျန်တဲ့သူတွေရော လာမှာ။ သခင်မလေးယဲ့ကိုလည်း လာဖို့ လူလွှတ်ပေးလိုက်မယ်” သူမနားမလည်တာတွေ အများကြီးရှိသော်လည်း ဘာကိုမှတော့ ယဲ့လီကျူး မမေးခဲ့ပေ။ သူမပြုံးရင်းသာ ပြောလိုက်သည်။ “ကျေးဇူးပါ မိဖုရားခေါင်ကြီး”
![](https://img.wattpad.com/cover/341914816-288-k182620.jpg)
ESTÁS LEYENDO
ဖဝါးထက်က ပုလဲသွယ် [MM translation]
Romanceယဲ့လီကျူးတစ်ယောက် အတော်လေးစိတ်ညစ်နေပြီ။ သူမခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့အားနည်း၍လာသည်။ သူမသေအံ့မူးမူးအချိန်မှာပင် အမျိုးသားတစ်ယောက်က အမတ်ချုပ်အိမ်တော်သို့ရောက်လာခဲ့သည်။ ထိုအမျိုးသားက အရပ်ရှည်သည်၊ နတ်ဘုရားတစ်ပါးလိုအေးစက်သောအသွင်ရှိသည်။ ထို့နောက် ယဲ့လီက...