Translation of Pearl In The Palm.
Translator - Jinnie Grace
ဖဝါးထက်က ပုလဲသွယ် (၃)(ခ)______
ညလယ်တွင် ယဲ့လီကျူးတစ်ယောက် ခန္ဓာကိုယ်ပေါ့ပါးစွာ နိုးလာခဲ့ပြီး သူမအပေါ်ဖိစီးနေသော မကောင်းဆိုးဝါးများအကုန် ပပျောက်သွားပြီဟု ခံစားနေရသည်။ သူမ မျက်လုံးဖွင့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"လက်ဖက်ရည်"
မားမားတစ်ယောက်က အမြန်ပဲပြေးလာကာ သူမကို ပလုတ်ကျင်းစေသည်။ ယဲ့လီကျူးတစ်ယောက် ခက်ခက်ခဲခဲနှင့် ထလိုက်ပြီးမေးလိုက်၏။
"ဘယ်အချိန်ရှိပြီလဲ အဖေဘယ်မှာလဲ"
အစေခံက ပြန်ဖြေ၏။
"ညတစ်နာရီလောက်ရှိနေပါပြီ၏ သခင်ကြီးက ဝိုင်သောက်ပြီး အိပ်သွားပါပြီ သခင်မလေး။ သခင်မလေး မငိုတော့နဲ့နော်။ မျက်လုံးတွေလည်းမို့နေပြီ။ ဗိုက်ဆာလား တစ်ခုခုစားမလား"
ယဲ့လီကျူးက မားမားကိုမြင်တော့ သူမ၏မိခင်ကျန်းရှီကို သတိရမိသည်။
သူမဝမ်းနည်းပြီး မျက်ရည်တွေ ဝဲလာသော်လည်း အံကိုကြိတ်ကာ "ဟုတ် စားမယ်လေ"
တည်းခိုဆောင်တွင် အစေခံတွေက အပြင်ကို အစားအစာ ထွက်ဝယ်ရန် အဆင်မပြေပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့လီကျူးက အခုမှ ဘုရားကျောင်းက ထွက်လာခဲ့သူမို့ သူမ ငါးစားသလား အသားစားသလား သူမတို့ မသိကြပေ။ ထို့ကြောင့် ဂျင်ဆင်းဆန်ပြုတ်ကို သကြားခဲအနည်းငယ်ထည့်ကာ ကျိုကြတော့သည်။
ယဲ့လီကျူးက ဂျင်ဆင်းအရသာကို မကြိုက်သည်မို့ နည်းနည်းပဲသောက်ပြီး အစာသွတ်မုန့်ကိုသာ စားသည်။
သူမက အနည်းငယ်သာ စားသည်မို့ ဗိုက်အောင့်ပြီး အိပ်ပျော်သွားမှာ စိုးကြတာကြောင့် အစေခံ၂ယောက်ကို အပြင်လွှတ်လိုက်ကြပြီး အခြေအနေ ကြည့်ခိုင်းလိုက်ကြသည်။
အချိန်က ညလယ်ရောက်နေပြီမို့ လမင်းက ထိန်ထိန်သာနေသည်။ တည်းခိုဆောင်ကို ယဲ့အမတ်ချုပ်၏ လူများနှင့် မင်းသားချင်၏ မြင်းတပ်က ပတ်ပတ်လည် ကာရံထားသည်။ ထို့အပြင် စစ်သည် ရာပေါင်းများစွာလည်း ဝန်းရံထားသည်မို့ လုံခြုံရေးကတော့ အထူးကောင်းမွန်နေသည်။
အစေခံတစ်ယောက်က ဆိုလိုက်၏။
"သခင်မလေး...အခုမှစားသောက်ပြီးတာဆိုတော့ ထပ်မလှဲနဲ့ဦးလေ။ ညလေလေးကလည်း တဖြူးဖြူးနဲ့။ အခုမှ မေလဆိုတော့ မအေးသေးဘူး။ ဒီအစေခံက အပေါ်၀တ်အပါးလေး ယူပေးမယ်။ အပြင်ထွက်လမ်းလျှောက်မလားဟင်"
ယဲ့လီကျူးက ခေါင်းညိတ်လိုက်သည်။
လရောင်အောက်က အလှလေးကို မြင်ရတာ အင်မတန်မျက်စိပသာဒဖြစ်ရသည်။ ယဲ့လီကျူးက ငွေရောင်ပန်းထိုးထားသော အစိမ်းရောင် ဝတ်ရုံပါးလေးကိုဝတ်ထားကာ သူမ၏ စကပ်စတွင် ဖုန်တစ်မှုန်တောင် ကပ်မနေ။ သူမ၏ ပိတုန်းရောင်ကေသာက နက်မှောင်ကာ ပုလဲဆံထိုးလေးက ညင်သာစွာ ယိမ်းနွဲ့နေသည်။
မိန်းကလေး၏ မျက်နှာကို မမြင်ရသေးသော်လည်း ကိုယ်လုံးကိုယ်ထည်ကို ကြည့်ရုံနှင့် အင်မတန်လှမည်မှန်း တိရှောင်းသိလိုက်သည်။
သူ ဝိုင်အနည်းငယ်ထပ်သောက်ပြီး မူးရိပ်ရိပ်ဖြစ်နေကာ အိပ်လည်းမအိပ်ချင် ပျင်းလည်းပျင်းနေသည်။ လကလည်း သာနေသည်မို့ အပြင်ထွက်လမ်းလျှောက်လာခြင်းပင်။
ထိုအချိန်တွင် မမျှော်လင့်ဘဲ လူအများကြီးဝန်းရံထားသော ယဲ့လီကျူးကို တွေ့လိုက်ရခြင်းဖြစ်သည်။ သို့သော် တိရှောင်းက အခုထိ ယဲ့လီကျူးနာမည်ကို မသိသေးပေ။
သူက အမှောင်ထဲမှာ တစ်ယောက်တည်းဖြစ်ကာ သူ မမြင်စေချင်လျှင် ဘယ်သူမှ သူ့ကိုမြင်ရမည်မဟုတ်။
မိန်းမပျိုလေး၏ ဆံနွယ်လှလှများက အနောက်တွင် လျော့တိလျော့ရဲနှင့် ကျနေပုံမှာ အဖြူရောင်စကပ်နှင့် ဆန့်ကျင်ဖက်ပင်။
တိရှောင်းက သူမ အစေခံတွေကို ပြောသည့်စကားအား နားထောင်နေလိုက်သည်။
"အရမ်းနောက်ကျနေပြီဆိုတော့ အားလုံးပြန်ကြတော့လေ။ ဟုတ်ပြီလား။ ရှင်တို့အနားမှာရှိတော့ အရမ်းဆူနေတယ်"
အစေခံတွေ ဝေ့ဝဲကြည့်လိုက်တော့ ဘယ်သူမှမရှိပေ။ ထို့ကြောင့် အများစုက တည်းခိုဆောင်ထဲသို့ ဝင်သွားကြသည်။ တစ်ခုခုဆို ယဲ့လီကျူး အော်ခေါ်လိုက်ပါက ပြေးထွက်လာကြလိမ့်မည်။
အစေခံအုပ်လိုက်ကြီး အထဲသို့ပြန်သွားကြ၏။
အနားမှာ လူတွေမရှိတော့မှ ယဲ့လီကျူးစိတ်သက်သာရာရသလို ခံစားလိုက်ရသည်။
ယဲ့လီကျူး နိုးလာတော့ သူမခန္ဓာကိုယ်က ပေါ့ပါးနေသည်။ ရင်ဘတ်တွင် ကျောက်တုံးဖိနေသလို ခံစားချက်ရော၊ သူမ ပခုံးတွေလေးလံနေမှုကိုရော၊ သူမထလိုက်တိုင်း တစ်ယောက်ယောက်က ခြေထိုးခံသည့်ခံစားချက်များရော မရှိတော့ပေ။
ဆရာတော်ပြောသည်ကတော့ သူမက မကောင်းသည့်အချိန်တွင် မွေးသူမို့ မကောင်းဆိုးဝါးအငွေ့အသက်တွေ ရစ်ပတ်နေပြီး သူမခန္ဓာကိုယ်က နေထိုင်လို့ကောင်းမှာ မဟုတ်တဲ့။
သို့သော် အခုတွင်တော့ ထိူလက္ခဏာတွေအကုန် သက်သာနေသည်ဟု ယဲ့လီကျူးခံစားနေရသည်။ ဘာဖိစီးမှုမမရှိဘဲ သူမရွှင်လန်းနေ၏။
ဒီတည်းခိုဆောင်က ဖုန်းရွှေပဲ ကောင်းလို့လား။
ယဲ့လီကျူးပတ်ကြည့်ရင်း အရှေ့သို့ ခြေနှစ်လှမ်းလျှောက်လိုက်သည်။ သူမရှေ့တွင် တစ်ခုခုရှိနေသလို သူမခံစားနေရ၏။ အရှေ့ကိုလျှောက်လေ သူမ ခံစားရပိုသက်သာလေ။
တိရှောင်း : "......"
မိန်းမပျိုလေးက လှည့်လိုက်သည်မို့ သူမ မျက်နှာကို သူမြင်ရပြီ။ ထိုခဏမှာတင် သူ့စိတ်ထဲ ပြောမပြတတ်သော အတွေးများ ဖြတ်ပြေးသွား၏။
ဒီအမျိုးသမီးက ထူးခြားတဲ့အလှပိုင်ရှင်ပဲ။
တိရှောင်းသည် ကြောင်အနေသည်။ ဒီလောက်လှတဲ့မိန်းမကိုသာ အိမ်ရှေ့စံကို ပေးလိုက်ပါက တစ်ချိန်လုံး မိန်းမနားပဲ ကပ်နေပြီး တိုက်ခိုက်ချင်စိတ်တောင်ပျောက်သွားလိမ့်မည်။
ယဲ့လီကျူး၏ အလှကို ပေါ့ပေါ့လေး ဖော်ပြလို့ မရပေ။ သန့်စင်ကာ ဆွဲဆောင်မှုရှိသည်။ နေရာတိုင်းက ဆန့်ကျင်မှုတွေချည်း။
သူမ မျက်တောင်ကော့ကြီးတွေက ရှည်လျားကာ မျက်လုံးက မက်မွန်ပွင့်သဏ္ဌာန်၊ အရည်လဲ့ကာ ညှို့အားပြင်းသည်။ ငိုထားသည်နှင့် တူသည်မို့ အနည်းငယ်နီရဲကာ မို့အစ်နေ၏။ သို့သော် အနီးကပ်ကြည့်ပါက သူမမျက်ဝန်းတွေထဲတွင် သန့်စင်မှုကို တွေ့ရလိမ့်မည်။
နှာတံမြင့်မြင့်လေးက ကော့ဆင်းကာ နှုတ်ခမ်းဖူးဖူးလေးက လာနမ်းလှည့်ပါဟု ဖိတ်ခေါ်နေသယောင်။
တိရှောင်း ခြေ၂လှမ်းလောက်ဆုတ်သွားသည်။
အိမ်ရှေ့မင်းသားက ချင်ပြည်နယ်ကို မရောက်ဖူးဘဲ စာနှင့်သာ အဆက်အသွယ်ရှိသည်မို့ သူဘယ်လောက် အာရုံစူးစိုက်မှုကောင်းပြီး စိတ်ထိန်းနိုင်လဲဆိုတာကို တိရှောင်းမသိပေ။
ထို့အပြင် တိရှောင်းက ယဲ့လီကျူး၏ စိတ်နေစိတ်ထားကိုလည်းမသိ။ သူမက နတ်မိမယ်လိုအရမ်းလှပြိး မိစ္ဆာမလေးလို ညှို့အားပြင်းနေသည်မို့ သူမစိတ်ကလည်း သာမန်မိန်းမတွေနှင့်မတူဘဲ ကွဲပြားလိမ့်မည်။ ဒီလိုမိန်းကလေးမျိုးက သူ့တူကို မထိခိုက်စေနိုင်ဘူးလား။
အဲ့လိုသာဆို အချိန်တန်လျှင် ဒီကပ်ဘေးဆိုးလေးကို သူဖြတ်ပစ်ရလိမ့်မည်။
ယဲ့လီကျူးက အရှေ့သို့ တဖြည်းဖြည်း တိုးလာသည်။ သူ တိရှောင်းနှင့် နီးလာလေ ပို၍နေကောင်းလာလေပင်။
တိရှောင်းက မခံနိုင်တော့ပေ။ သူ့လက်ထဲက ဓားကို သူ ဆုပ်ကိုင်ရင်း လှည့်ထွက်သွားတော့သည်။
ယဲ့လီကျူး : "ဟင်"
______
ယဲ့လီကျူးကို တိရှောင်းမတွေ့ခင်။
တိရှောင်း: ဒီမင်းသားက ကျုပ်တူနဲ့ ယဲ့သမီးကို နတ်ဖက်တဲ့စုံတွဲလို့ ထင်တယ်ဗျာ။ အမတ်ချုပ်ယဲ့ ခင်ဗျားသဘောမတူလည်း တူကိုတူရမယ်
ယဲ့လီကျူးကို တိရှောင်းတွေ့ပြီး။
အမတ်ချုပ်ယဲ့ : အရှင့်သားပဲ အိမ်ရှေ့စံနဲ့ သဘောတူတာဆို ဘယ်မလဲ အိမ်ရှေ့မင်းသား
တိရှောင်း: အိမ်ရှေ့မင်းသားက ဒီကောင်မလေးကို ထိန်းနိုင်မှာမဟုတ်တော့ ငါကိုယ်တော်ပဲ လာလိုက်တော့တယ် :3
...
________
ŞİMDİ OKUDUĞUN
ဖဝါးထက်က ပုလဲသွယ် [MM translation]
Romantizmယဲ့လီကျူးတစ်ယောက် အတော်လေးစိတ်ညစ်နေပြီ။ သူမခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့အားနည်း၍လာသည်။ သူမသေအံ့မူးမူးအချိန်မှာပင် အမျိုးသားတစ်ယောက်က အမတ်ချုပ်အိမ်တော်သို့ရောက်လာခဲ့သည်။ ထိုအမျိုးသားက အရပ်ရှည်သည်၊ နတ်ဘုရားတစ်ပါးလိုအေးစက်သောအသွင်ရှိသည်။ ထို့နောက် ယဲ့လီက...