1

9 0 0
                                    

အချိန်တန်လို့
အိမ်ပြန်ချိန်ကြရင်
လူတချို့က
စုံစုံလင်လင်နဲ့
ပြန်ဆုံကြမယ်။
လူတချို့က
မစုံမလင်နဲ့
ပြန်ဆုံကြမယ်။
တချို့ကလည်း
အိမ်မပြန်နိုင်ပဲ
တောတွေတောင်တွေထဲ
ကျန်ခဲ့ကြမယ်။
ပြန်လာမလားလို့
မျှော်သူကမျှော်နဲ့
ပေါ်မလာကြလို့
ပူဆွေးမှုများ
ခံစားနေကြသူတွေလဲရှိမယ်။
အဲဒီအထဲ
ငါလဲ ဘယ်အုပ်စုမှာ
ပါမလဲဆိုတာ
သေချာမသိသေးပါ။
ပြန်ကြရင် အတူဆုံကြချင်တာ
လူ့သဘာဝပါ။
သို့သော်လည်း
ကံတရားရဲ့
အစီအမံအရ
ဘဝတွေက ဖြစ်ကြရတာပါ။
TH

မျှဝေခံစား စကားစုများWhere stories live. Discover now