တပွင့်ကြွေတိုင်း
အနှိုင်းမဲ့ဝေ၏။
ကြွေသည့်အပွင့်တိုင်းသည်
လေမှာပျံဝဲ ရှင်သန်နေဆဲပါ။
ကြွေသာကြွေတာပါ
လေထဲပျံဝဲ
ဝေနေဆဲပါ။
ရနံ့မပြယ် ထုံသင်းကြွယ်လျက်
နှစ်သက်မြတ်နိုး တန်ဖိုးဖြတ်မရသည့်
ပန်းပွင့်ကြွေများ လေထဲမှာ ဟန်အပြည့်
မာန်အပြည့်ဖြင့် ဝင့်ကြွားစွာ
အပွင့်တိုင်းမွှေး
ရနံ့လေးများ သင်းပျံ့ကြိုင်လှိုင်လျှက်ပါ။
TH