လဲကျသွားတိုင်း
အားယူပြီးကုန်းထခဲ့ရတယ်။
ဖေးမကူညီသူဆိုတာ
ရှိတော့ရှိတယ်၊ရှားတယ်
အားနည်းနေသူကို
အပိုပါဆိုသည့်မျက်နှာထားတွေနဲ့အကြည့်က
ရင်ထဲကို ထိရှစေခဲ့တယ်။
ထိရှမှုတွေကို ခံစားရင်း
အားတင်းပြီးကုန်းထ
ရုန်းကန်ခဲ့ရတာ
ဘဝမှာ အခါခါပါပဲ။
မလျော့သောဇွဲဖြင့်
နွှဲခဲ့ရသည့်ဘဝ၏ တိုက်ပွဲများပါ။
TH