143

4 0 0
                                    


တချိန်က အရက်မသောက်တတ်သူ
ယခုတော့ အရက်ကို နှစ်ခြိုက်စွာ
သောက်တတ်နေပြီ။
ရီဝေဝေ အရသာအကြားမှာ
ပျော်ပါးရင်း အချိန်တွေကို
‌အကောင်းဆုံးအသုံးချတတ်နေပြီ။
တချိန်က ဆေးလိပ်မဖွာရှိုက်ဘူးသူ
ယခုတော့ ဆေးလိပ်ကို ဖွာရှိုက်ရင်း
ရင်ထဲက မွန်းကျပ်မှုအထွေထွေကို
ဆေးလိပ်၏အငွေ့အသက်ကြားမှာ
ပေါ့ပါးစွာနေထိုင်ရင်း
သက်ပြင်းတွေနဲ့ဝေးကွာစွာနေတတ်‌ပြီ။
တချိန်ကအပျော်အပါးမမက်ခဲ့သူ
ယခုတော့ အပျော်အပါးတွေကိုမက်မောစုံမက်
နှစ်သက်မိတတ်လာပြီ။
ဘဝဆိုတာ ဒီလိုလည်းဖြစ်တတ်ပါ၏။
TH

မျှဝေခံစား စကားစုများWhere stories live. Discover now