တမလွန်ရောက်သည့်အထိ
ဆီလိုအပေါက်ရှာပြီး
ပြောချင်သပဆိုရင်လဲ
ပြောကြစမ်းပါ။
လောကဓံတရားကို
ရင်ဆိုင်ကျော်လွှားဖို့
အားအင်တွေမွေးမြူလျက်
ငါခရီးဆက်နေမှာပါ။
အတိုက်အခိုက်ရှိလို့
ခေါင်းငိုက်စိုက်ကျလျက်
ခရီးဆက်မည့်အထဲမှာ
ငါမပါဘူး။
ကြမ်းတမ်းသည့်ဘဝနဲ့
စခဲ့သူ
ကြမ်းတမ်းသည့်ဘဝနဲ့
အဆုံးသတ်လည်း
ပြုံးပြုံးလေးနဲ့ ဘဝကို
အဆုံးသတ်နိုင်ပြီ။
TH