တပါးသူရဲ့
ရင်ခွင်ထက်မှာ
နှစ်သက်ကြည်နူး
ပျော်မြူးနိုင်ပါစေ။
တပါးသူရဲ့
ခါးကိုဖက်၍
တွဲလက်တွေခိုင်မြဲနိုင်ပါစေ။
တပါးသူရဲ့
ပြုစုယုယမှုအောက်
အနှောက်အယှက်ကင်းသည့်
ချစ်ခြင်းများဖြင့် နေနိုင်ပါစေ။
အနှောင်အဖွဲ့ကင်းသော
ချစ်ခြင်းမေတ္တာစိတ်နဲ့
ကြိတ်၍ဆုတောင်းနေခြင်းမှတပါး
တခြားဘာမှမပြုနိုင်တော့ပါ။
TH