3

0 0 0
                                    

လက်တွေကလည်း
တုန်ရီသွားတယ်။
နှုတ်ခမ်းတွေလည်း
တဆပ်ဆပ်တုန်ခါသွားတယ်။
ခြေလှမ်းတွေကလည်း
ဒယိမ်းဒယိုင်ဖြစ်သွားတယ်။
မျက်လုံးတွေကလည်း
ဝေဝါးသွားတယ်။
စကားလုံးတွေကလည်း
ဆွံ့အသွားတယ်။
ငါဘာဖြစ်သွားပါလိမ့်
တသိမ့်သိမ့်တုန်ရီနေပြီး
ရင်တွေကလည်းခုံနေပြန်ပြီ။
သေချာဆန်းစစ်လိုက်သည့်အခါ
အော်
သောကနဲ့ဇရာ၏ နှိပ်စက်မှုဒဏ်
ကိုယ်ခံစားနေရတာကို
သေချာစွာသိလိုက်တယ်။
သို့ပေမဲ့လည်း
ဟန်မပျက် ထွက်သက်ဆုံးတိုင်
အပြုံးများကိုအဖော်ပြု၍
ပြုသမျှတွေကို သမုဒယအဖြစ်
နှစ်သက်စွာခံစားပြီး
လက်ကျန်ခရီးလမ်းအတွက်
ဟန်မပျက် အသံမထွက်ပဲ
ကိုယ်ခရီးဆက်လို့ နေပါပြီ။
TH

မျှဝေခံစား စကားစုများWhere stories live. Discover now