137

2 0 0
                                    


အပြုံးရိပ်တွေပြပြီး
ငါခရီးသွားနေတာပါ။
မညီမညာသည့်လမ်း
ပင်ပမ်းမှုတွေအထပ်ထပ်
ရင်ထဲမှာတလှပ်လှပ်ခံစားနေရသည့်
နာကျင်ကြေကွဲမှုတွေကို အဖော်ပြုလျက်
အပြုံးမပျက် နှုတ်ဆက်ရင်း
ခရီးနေတာပါ။
တခါတလေ တွေဝေစိတ်တွေဝင်ပြီး
ငြီးတွားမိလိုက်သည့်စကားသံကို
တပါးသူတွေကြားမှာစိုးလို့
တိုးတိုးတိတ်တိတ် မြိုသိပ်ရင်း
သက်ပြင်းတွေ အခါခါချရသည့်နေ့ရက်တွေ
တသက်မမေ့နိုင်စရာအဖြစ်ဆိုးပါ။
လှိုင်းထန်၊လေကြမ်းသည့်
ဘဝခရီးလမ်းမှာ
နွမ်းလောက်စရာအချစ်မျိုးနဲ့တိုးခဲ့ရပြီ
ဆိုးသွမ်းမှုတွေအကြားလည်း
ခံစားရှင်သန်ဖြတ်ကျော်ဘူးပြီ
ရှင်သန်ခြင်းအခိုက်အတန့်မှာ
ငါ မှားတာတွေလည်းရှိခဲ့ဘူးပြီ
ငါ မှန်တာတွေလည်းပြုခဲ့ဘူးပြီ
လက်ကျန်ဘဝလေးမှာတော့
အမှားကင်းအောင်
စွမ်းဆောင်ရမယ်။
ငါ့ ခန္ဓာကိုယ် ပြိုပျက်နေပြီ
ငါ့ စိတ်တွေကလည်း
အတိတ်ရောက်လိုက်
ပစ္စုပ္ပန်ရောက်လိုက်
အနာဂတ်ရောက်လိုက်နဲ့ ပြေးလွှားနေတယ်
သို့သော်လည်း ငါ အပြုံးမပျက်
ခရီးဆက်နေတယ်။
သေမင်း၏ ခေါ်သံကိုနားစွင့်လျက်
အပြုံးမပျက်ခရီးဆက်နေတယ်။
TH

မျှဝေခံစား စကားစုများWhere stories live. Discover now