ပြက်ရယ်ပြုချင်လဲ
ပြု ကြပါ။
ယုယစွာတွယ်ဖက်
သက်ဝင်ယုံကြည်ခဲ့သည့်
ကြင်နာမှုနဲ့သစ္စာတရား
ထားခဲ့သူ၏အမှားပါ။
ကံတရားဆိုတာဟာ
ခံစားမှုအနုသုခုမဆိုတဲ့
ပညာတရပ်ကို
ပေးတတ်သည့်အရာဖြစ်လေတော့
ဦးမော့မာန်ချီ၍
ငါ့ဟေ့လို့အော်နိုင်သည့်အခါရှိသလို
အငိုမျက်လုံး
အပြုံးမျက်နှာဖြင့်
နေရသည့်အခါလဲရှိတယ်။
ဘဝဆိုတာ ထာဝစဉ်
ချမ်းမြေ့သာယာနေမယ်လို့
ထင်ခဲ့ကြရင် အမှားကြီးမှားကြပါလိမ့်မယ်။
တဒင်္ဂကို တဘဝလို့ထင်
ရင်ထဲပျော်ရွှင်ကြတာက
ကာလတခုရောက်ရင်
ကြောက်စရာလူ့လောကလို့
မြင်ကြပါလိမ့်မယ်။
TH
