ရေဆန် လေဆန်
မုန်တိုင်းထန်သည့်
ဤခရီးအတွက်
ရဲဘော်ရဲဘက်စစ်စစ်တွေပဲ
အလိုရှိတယ်။
အာချောင်သည့်ဂရောင်ကောင်တွေ
မလိုချင်ဘူး။
ဒါ အပျော်ခရီးမဟုတ်ဘူး
ဇွဲရှိဖို့လိုတယ်
ယုံကြည်ချက်
ခံယူချက် ခိုင်မာတည်ကြည်ဖို့လိုတယ်။
ရိုးသားဖို့လိုတယ်။
ကြိုးစားဖို့လိုတယ်။
အကင်းပါးဖို့လိုတယ်။
စည်းကမ်းရှိဖို့လိုတယ်။
ကိုယ်ကျင့်သီလ လုံခြုံဖို့လိုတယ်။
ဒီအချက်တွေ မလိုက်နာနိုင်ရင်
အစကတည်းက
ဒီတော်လှန်ရေးထဲမလာကြပါနဲ့။
ဆန်ကုန်တယ်။
မြေလေးတယ်။
ခရီးလမ်းအတွက် အနှောက်အယှက်ဖြစ်တယ်။
သတ်မှတ်ချက်တွေလိုက်နာရင်
တော်လှန်ရေးက အချိန်တိုအတွင်းမှာ
အောင်မြင်မယ်လို့ယုံကြည်ထားတယ်။
TH