ကြယ်လေးတွေက
အမှောင်ညမှာ
လမ်းပြလေးတွေပေါ့။
ကြယ်လေးတပွင့်ကြွေတိုင်း
အနှိုင်းမဲ့တသနေမိတယ်။
ကြယ်တချို့ ကြွေနေပေမဲ့
တွေဝေမှုမရှိပဲ လမ်းလျှောက်နိုင်အောင်
ကျန်ကြယ်တွေက အလင်းပြနေကြတယ်။
အမှောင်ညတွေမှာ
ကြွေခဲ့သည့်ကြယ်တွေကို
ဘယ်လိုမှမေ့ပျောက်နိုင်စွမ်းမရှိဘူး။
သူတို့လမ်းပြလို့
ခရီးပေါက်ခဲ့ကြတယ်
ခရီးရောက်ခဲ့ကြတယ်။
တသက်လုံးလွမ်းမောတသနေရမည့်
လမ်းပြကြယ်လေးတွေပေါ့။
TH