ချစ်သူနှစ်ဦး
အကြောင်းအမျိုးမျိုးကြောင့်
လမ်းခွဲခဲ့ကြရင်လဲ
သူ့ရင်ထဲ၊ကိုယ့်ရင်ထဲ
ကြေကွဲထိရှစရာ အမှတ်တရအဖြစ်
ကြွင်းကျန်ရစ်ကြပါလိမ့်မယ်။
မမြင်ရသည့သံယောဇဉ်က
သေသည့်အထိ
ရစ်ပတ်နှောင်ဖွဲ့
ခိုင်မြဲစွာဖြစ်တည်နေသတဲ့။
တကယ်လဲ လက်တွေ့ကျကျ
ဘဝမှာ ကိုယ်တွေ့ကြုံဆုံခဲ့လို့
ပုံပြင်မဟုတ်
ယုံတမ်းစကားမဟုတ်ဆိုတာ
သေချာစွာ သိခွင့်ရလိုက်ပြီ။
TH
