133

0 0 0
                                    


အရိပ်တခုအောက်က
တိတ်ဆိတ်ညင်သာစွာ
ထွက်ခွာသွားခဲ့ပေမဲ့
တခါတလေ
တွေဝေစိတ်တွေဝင်ပြီး
သမင်လည်ပြန်အကြည့်
ပြန်၍ကြည့်နေမိလိုက်တယ်။
အခိုက်အတန့်ဆိုပေမဲ့လဲ
စိတ်ထဲ စွဲနေသည့်အရိပ်တခု၏
အေးမြမှု ငြိမ်းချမ်းမှုက
လူ့ဘဝခရီးကြမ်းမှာ
လွမ်းစရာဖြစ်ခဲ့တာ အမှန်ပါ။
အဲဒီအပင်
အဲဒီအရိပ်မှာ
မှေးစက်အိပ်ခဲ့ဖူးသည့်ခဏတာ
ဘဝမှာ အပျော်ဆုံးပါပဲ။
အိပ်စက်ဖူးသည့်
ဤအရိပ်
တိတ်ဆိတ်သည့်ညတညမှာ
တသသဖြစ်ခဲ့မိတာ အမှန်ပါ။
TH

မျှဝေခံစား စကားစုများWhere stories live. Discover now