131

1 0 0
                                    


ဘဝခရီးကြမ်းမှာ
လွမ်းစရာရှိရင်
လွမ်းကဗျာလေးတွေ
ရေးဖွဲ့မယ်။
ကြည်နူးဖွယ်ရာ
သဘာဝအလှတရားတွေအကြား
ရောက်သွားရင်လဲ
ဓာတ်ပုံလေးတွေရိုက်မယ်။
ရန်သူနဲ့စစ်ခင်းရင်လဲ
ဖြစ်ပျက်ခြင်းသတင်းတွေကို
ပြည်သူတွေအားရှိစေရန်
သတင်းအမှန်တွေ တင်ပေးမယ်။
စစ်ဘေးရှောင်ပြည်သူတွေ၏
ဘဝအဖုံဖုံကို
ကြုံဆုံသမျှ မှတ်တမ်းပြုစုပြီး
စစ်ဘေးရှောင်များ၏ဘဝကို
စာနာနားလည်ပေးနိုင်ကြဖို့
ကြိုးစားအားထုတ်မယ်။
စစ်၏ဆိုးကျိုး
နောင်မဖြစ်ရအောင်
ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုလည်း
သေချာသည့်အဖြေရှာဖို့
ကြိုးစားအားထုတ်ရမယ်။
ဘဝက တိုတောင်းသလောက်
မြောက်မြားစွာကြုံဆုံရမယ်။
အကောင်း၊အဆိုး
အကြမ်း၊အလွမ်း
ရသစုံကို ခံစားရင်း
နောက်ဆုံးအချိန်အထိ
ထိရှမှုများစွာကို
ရင်မှာပိုက်လျက်
စရိုက်အဖုံဖုံအကြားမှာ
ကျင်လည်ကျက်စားရခြင်းက
ဘဝလို့ဆိုရပေမည်။
TH

မျှဝေခံစား စကားစုများWhere stories live. Discover now