သူစိမ်းတို့ရဲ့အလယ်မှာ

7.9K 87 0
                                    

အခန်း(၁)

"'မ မ မရှိလို့ပါရှင့် တောင်းပန်ပါတယ်"'

"တောက်စ်!!!! သေချင်နေပြီလား ငါ့လက်ထဲမှာဘာလဲ မြင်တယ်နော် ငါနော် ရုပ်လေးကိုသနားနေလို့ စိတ်ထိန်းနေရတာ"

"'ဟုတ်ကဲ့ မလုပ် မလုပ်ပါနဲ့ သိ သိပါတယ်"'

လက်ထဲကဓားမြောင်ကို ထုတ်ချည်ထည့်ချည်ပြနေတော့ မဏိ အကြောက်ပိုလာရသည်။ လက်ညိုးကို ပါးစပ်ထဲထည့်ကာ ဖွဖွကိုက်ရင်း မျက်ရည်မကျမိအောင် ထိန်းနေရသည်။ ထိုလူ၏ေဘးမွ တက်တူးအပြည့်နှင့် လူကြီးကလည်း သေနတ်ကြီးကြီးတလက်ကိုကိုင်ထားကာ မိမိကို စားမတတ် ဝါးမတတ်ကြည့်နေတာမို့ မဏိ ခေါင်းငုံ့ထားမိလေ၏။ ဒီလိုအဖြစ်မျိုး တခါမှမကြုံရဖူးတော့ သေချင်လောက်သည်အထိ စိတ်ခြောက်ခြားနေမိပြီ။ သူတို့တွေ မဏိတို့မိသားစုကို သတ်ပစ်လိုက်ရင် ဘယ္လိုလုပ္မလဲ။ အဖေနဲ့အမေသာ မဏိရဲ့အရာရာမို့ ဘယ်လိုနည်းနဲ့မှ အရှုံးဆုံးမခံနိုင်ပါ။ ဒီအကျပ်အတည်းကနေ မဏိ ဘယ်လိုထွက်ပြေးရမလဲ တွေးလို့မရသေး။

"ရောင်းမှာလား မရောင်းဘူးလား"

"'အဲ့တာက မဏိရဲ့ ဆိုင်မဟုတ်လို့ပါ အင့်"'

"တောက်!!! မင်းရဲ့ထမင်းဆိုင်ဘေးမှာ ဆိုင်ကရှိနေတာကို မဟုတ်ဘူးငြင်းနေတယ် မင်းတော့ ရုပ်ပျက်တော့မယ် ငါ့နှာခေါင်းကတားနေလို့"

""အစ်ကိုကြီး သခင်ကြီးစောင့်နေတော့မယ် မရစ်နေနဲ့""

"အေး ဟေ့ အရက်ပေး အကောင်းဆုံးကိုပေး အမြည်းကလဲ အကောင်းဆုံးမှယူမယ်"

"'မ မရှိ မရှိပါဘူး"'

"မင်း မေပးဘူးလား ငါ စိတ်မရှည်တော့ဘူး အကုန် သတ်ပစ်မယ်"

"ဝှစ်!!!"

"ခွမ်း!!!"

"'အမေလး!!! ကြောက်ပါပြီ ဟီးး အု အင့်"'

စားပွဲပေါ်ရှိ ပန်းအိုးကို လက်ထဲကဓားဖြင့် ပစ်ပေါက်လိုက်တာကြောင့် ကွဲကျသွားသည့် ပန်းအိုးအကွဲစတွေကိုကြည့်ရင်း မဏိ မအောင့်နိုင်သည့်အဆုံး ငိုလိုက်မိပါသည်။ ဆေးလိပ်တဖွာဖွာနှင့် ထိုလူကို လန့်လွန်း၍ ဒူးတွေပင်တုန်နေမိ၏။ ဘာရည်ရွယ်ချက်ကြောင့် ဒီလူနှစ်ယောက်က ဆိုင်ကိုရောက်လာကာ ဒုက္ခပေးနေရသနည်း။ အရက်တဲ့။ ဓားတကိုင်ကိုင်နှင့် သေနတ်တကားကားမို့ လူဆိုးလူမိုက်တွေမှန်း သေချာပြီးသားပင်။ ထို့ကြောင့်သာ ဦးလေးရဲ့ဆိုင်မှ အရက်တွေကို မရောင်းပေးချင်တာပါ။ ရွာကလူတွေကိုပဲဆိုရင်တော့ ဦးလေးမရှိလည်း မဏိ ရောင်းပေးနေကျ။ ဘာမှပြဿနာမရှိ။ အခုက် ထိုလူတွေကို မဏိ လုံးဝမသိတာမို့ မပတ်သပ်ချင်ပါ။ ဒါပေမဲ့ မရောင်းသော်လည်း မရေတာ့။ သူတို့ဒေါသကိုဆွမိမှ အသက်ကိုဒုက္ခပေးတော့မည်။

သူစိမ်းတို့ရဲ့အလယ်မှာWhere stories live. Discover now