သူစိမ်းတို့ရဲ့အလယ်မှာ

976 23 0
                                    

(၄၆)

"'အားးးးး!!!"'

"ဆက် ဆက် ဆက် သွား ရ...."

"........"

"ဆက်သွားရမှာ......"

""ရပ်တော့ ပြန်လှည့်ကြမယ် ဆက်မသွားနဲ့""

အိမ်အိုကြီးဆီမှ ထွက်လာသည့် အော်သံနက်ကြီးကြောင့် မိမိ၏လူတွေကို ဆက်မသွားဖို့အတွက် မင်းကြီး အမိန့်ပေးလိုက်တော့သည်။ ထိုအော်သံနက်ကြီးကြောင့် သကောင့်သားတွေကလည်း မျက်စိပျက် မျက်နှာပျက်ဖြစ်နေကြပြီဖြစ်သည်။ ထိုအော်သံကို သူ သိသည်။ သခင်မပတ္တမြားနီနီ၏ အသံဖြစ်၏။ အစကတည်းက လွယ်လင့်တကူသာ အဖမ်းခံလိုက်ရင် ဒီလိုအဖြစ်ဆိုးမှာမဟုတ်ပေ။ သခင်ကြီးက သူ့အစ်မကို ရက်ရက်စက်စက် အပြစ်ပေးမှာမဟုတ်။ သင်္ချိုင်းဘေးက အိမ်ကြီးဟာ ဘယ်လိုနာမည်တွေရှိပြီး ဘယ်လိုတိရစ္ဆာန်ဆိုးတွေနေကြတယ်ဆိုတာကို မသိပဲ ဝင်သွားတာကြောင့် မျှော်လင့်ချက်မရှိနိုင်တော့။ မတတ်နိုင်။ သူ့အပြစ်နဲ့သူ အချိန်တန်လို့ လည်စင်းခံရတာလို့သာ ယူဆရတော့မည်။

•••••••••••

"'မှောင်နေပြီလေ မောင်ငယ် နင့်လူတွေ ပြန်မရောက်ကြသေးဘူးလား"'

""ရောက်လာကြမှာပါ မမငယ် ဝေးဝေးမရောက်နိုင်ပါဘူး""

အိမ်တော်မှ မမကြီး ထွက်ပြေးသွားသည်ဆို၍ ပြာယာခတ်နေသည့် မမငယ်ကိုကြည့်ကာ ဟန်သစ် ခေါင်းရမ်းမိသည်။ မမငယ်ခမျာ မမကြီးကို စိတ်ပူနေတာကြည့်ပြီး သူလွန်များလွန်သွားသလားဟု တွေးလိုက်မိသေးသည်။ သူ မလွန်တော့ပါ။ ခွင့်လွှတ်သင့်ချိန်က ခွင့်လွှတ်ပေးခဲ့သည်။ အခုတစ်ခါ အပြစ်တွေကို ကျူးလွန်တယ်ဆိုကတည်းက ခွင့်လွှတ်ပေးစရာ ဘာအကြောင်းမှမရှိတော့။ မမကြီးကြောင့် သူ့မိသားစုလေး ပြိုကွဲမတတ်ဖြစ်ခဲ့ရသည်။ အခုလောက်ဆို အသက်နဲ့ သားလေး ဘယ်လိုနေနေကြမည်နည်း။ သေချာတာက အသက်လေးသည် သူ့ကို စိတ်နာနေတော့မည်။ နာကျည်းနေတော့မည်။ ဒီတစ်ခါ ဘယ်သူ့ပယောဂကြောင့်မှမဟုတ်ပဲ သူသာလျှင် အသက်နဲ့သားကို နာကျင်မှုတွေ ပေးလိုက်ခြင်းဖြစ်၏။

"'မမတစ်ယောက် ဘယ်ကိုများထွက်သွားတာလဲ"'

"".......""

သူစိမ်းတို့ရဲ့အလယ်မှာTempat cerita menjadi hidup. Temukan sekarang