သူစိမ်းတို့ရဲ့အလယ်မှာ

1.6K 33 0
                                    

(၂၈)

"ရောက်ပါပြီ သခင်....."

""မင်းတို့ကြွလို့ရပြီ ငါ့မိန်းမဆီသွားတော့မယ်""

နောက်တစ်နေ့ မိုးအလင်းဆိုသည့် အချိန်အပိုင်းအခြားတစ်ခုမှာ သူခြေချဖူးသည့် ပတ်ဝန်းကျင်ကို ရောက်ခဲ့ပြီဖြစ်တာမို့ ဟန်သစ် ပြူးပြူးပြဲပြဲ ဖြစ်သွားရသည်။ တစ်ခါမှ ရင်မတုန်ဖူးသည့် သူ့မှာ အသက်နှင့်သားကို ပြန်တွေ့ရတော့မည်ဆို၍ ရင်တုန်ပန်းတုန်ဖြစ်နေမိ၏။ အသက်နှင့်အတူတူ ချစ်ကြည်နူးခဲ့ဖူးသည့် ဒီအိမ်၊ ဒီဆိုင်၊ ဒီနေရာသည် ပုံမှန်အတိုင်းရှိနေဆဲပင်။ သို့သော် အိမ်ပုံစံကတော့ အရင်ကနှင့်မတူတော့ပေ။ သူ့စီမံမှုကြောင့် သစ်လွင်တောက်ပနေတာမို့ ပြုံးမိသေး၏။ အသက်လေး သဘောကျနေမှာ။ အဲ့ကလေးမက သွားတန်းညီညီလေးတွေပေါ်အောင် ရယ်ပြီး ပျော်နေလောက်မည်။

""အသက်!!""

ထိုနာမ်စားလေးကိုသာ တမေ့တမော ပြန်ခေါ်လိုက်ရင်း ခြေလှမ်းကျဲတွေနှင့် လျှောက်ခဲ့မိသည်က အသက်နှင့် သားလေးရှိနေမည့် ထိုအိမ်လေးထဲကိုသာ။ အိမ်ထဲကို ခြေချလိုက်သည်နှင့် ဟိုတစ်တန်း ဒီတစ်တန်းဖြင့် တန်းထိုးကာ လှန်းထားသည့် သားရဲ့အဝတ်တွေကိုတွေ့လိုက်ရတာမို့ ဟန်သစ် ကြည်နူးသွားရသည်။ သေချာသွားပါပြီ။ အသက်နှင့် သားလေးသည် အိမ်ပြန်ရောက်နေခြင်းပင်။ သို့ပေမယ့် ဆိုင်ကိုလည်းပိတ်ထားကာ လူသံမကြားရတာကြောင့် သူ အိမ်ခန်းဘက်ဆီကို လျှောက်လာလိုက်တော့......။

"အင့် အဟင့် ဟင့် အဲ...."

""သား!! သားလေး""

သားရဲ့ ငိုသံစူးစူးလေးက နားထဲတိုးဝင်လာတာမို့ ဟန်သစ် အိမ်ခန်းထဲကို ပြေးဝင်ခဲ့လိုက်သည်။ ဝါးတန်းလေးတန်းကာ စောင်ဖြင့်လုပ်ထားသည့် ပုခက်လေးထဲ သားက တလှုပ်လှုပ်ဖြစ်နေ၏။ ပုခက်ထဲ လက်လျှိုရင်း စွေ့ခနဲပွေ့ချီလိုက်တော့ အလိုက်သင့်ပါလာသည့် သားက လူကိုမြင်သည်နှင့် ခိုးခိုးခစ်ခစ်ရယ်တော့သည်။ ဗုဒ္ဓေါ။ သားလေးက သွားသေးသေးလေးတွေတောင်ထွက်နေပြီပဲ။

"ခစ် ခစ် ခိ ပေ့"

""ဗျာ!! ဟား ဖေ့သားလေးက ဖေ့ကို စကားတောင်ပြောနေပြီ""

သူစိမ်းတို့ရဲ့အလယ်မှာTempat cerita menjadi hidup. Temukan sekarang