(၂၃)
""ဒါက ရင်တွေဘာတွေပြည့်ရင်သောက်နော် အစားစားရင်လဲ ကြည့်စားနော် အသက်လေး ဒါက ကိုယ်ပူတာ ဘာညာအတွက် ဆေးကလိုတယ် ထည့်သွား""
သူကသာ ဖင်ပူနေသော်လည်း သူမလေးက တုပ်တုပ်မှမလှုပ်ပါ။ မေးလေးထောက်ကာ လူကို ပေကလပ် ပေကလပ်ဖြင့် စိုက်ကြည့်နေတာမို့ ဟန်သစ် နေမတတ်ဖြစ်ရသည်။ သားလေးကတော့ သူ့ဘာသာ ဆော့နေတာပဲ။ ထူးဆန်သည်။ မနက်ကတည်းက သားက သူ့အနားကိုကပ်နေကာ ဘယ်သွားသွား လက်လှမ်းပြီး ခေါ်သွားရန်ပူဆာ၏။ မခေါ်သွားရင် သူ့အမေလိုပဲ ဟင့်ခနဲငိုချပစ်သည်။ ဒီကလေး ဖအေနဲ့ ခွဲရတော့မှာကို သိနေတာလား။
""အသက်!! ကြားလားလို့""
"'ဟင် အင်း အင်း ကြားတယ်လေ"'
"အဟင့် အင့် အဲ......"
"'သား ဟွင့် မေ့သားကို ဘယ်သူလုပ်လိုက်လို့ ငိုရတာလဲ"'
ပစ္စည်းတွေထည့်ပြီး သူ့အဖေထရပ်သည်နှင့် အသဲအသန် အော်ငိုသည့် သားကို ပွေ့ချီရင်း မဏိ ချော့မြူရတော့သည်။ သို့သော်လည်း ဖအေချစ်သားက ဖအေဖြစ်သူကိုသာ ခေါင်းတလည်လည်ဖြင့် လှည့်ကြည့်နေပြီး ငိုတာမရပ်တော့ပါ။ ကယ်ကြီးကလည်း သဘောပေါက်ပါသည်။ ပစ္စည်းတွေကို အမြန်ပစ်ချပြီး ကလေးကို လာချီတာမို့ သားရဲ့ငိုသံက မီးကိုရေနဲ့ဖြန်းလိုက်သလို ရှူးခနဲမြည်ကာ တိတ်သွားတော့၏။ အဲ့ကလေးက ဖအေချစ်ကလေး။ အမြဲတမ်း မဏိထက် ကယ်ကြီးကို ပိုခင်တွယ်တာ။
""ဖေဖေ့သားလေးက ဘာလို့ငို မေမေက ချိုချိုမတိုက်လို့လား ဟုတ်လား""
"ခစ် ခစ် အဟင့် ဟစ်"
""ဟာ သားက သာဘောကျတယ်ဆိုတော့ မှန်လို့ပေါ့ ဟုတ်လား ဒီပေါက်စလေးကို အာဘွားတွေပေးပစ်မယ်ကွာ""
"'ဟင်းးးးး"'
သားရဲ့ဗိုက်လုံးလုံးလေးကို တရှုတ်ရှုတ်နမ်းရင်း တာနေသည့် ကယ်ကြီးကိုကြည့်ပြီး မဏိ မျက်ရည်ဝဲလာရသည်။ ဒီလူကြီးနှင့် ခွဲရဦးမည်။ အပြန်ခရီး အသွားခရီးနှင့် အနည်းဆုံး တစ်ပတ်လောက်ကြာမည်ဟု သူကပြောထားသည်။ သူမပါပဲ သွားရမည့် ခရီးမို့ ရင်ထဲဟာတာတာနှင့် တစ်ခုခုလိုနေသလိုလိုပင်။ မချစ်တာမှ မဟုတ်တာ။ တစ်စတစ်စနှင့် ဒီလူကြီးကို ချစ်လာခဲ့ပြီးပြီမို့ ရုတ်တရက်ကြီး ခွဲရမယ်ဆိုတော့ မဏိ အကြောမတင်းနိုင်တော့ပါ။ ထို့ကြောင့် အိတွဲလာသော မျက်ရည်စတွေကို မသိမသာဖြင့် ကိုယ့်ဘာသာပုတ်ခတ်ပစ်လိုက်တော့......။
ВЫ ЧИТАЕТЕ
သူစိမ်းတို့ရဲ့အလယ်မှာ
Любовные романыမထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ဆုံကြပြီး မှောက်မှားသွားကြတဲ့ သူတို့နှစ်ဦး။ ဒါပေမဲ့ သူ့ တာဝန်ရှိတယ်ဆိုပြီး မဏိသက်ကို တာဝန်ယူပေးလိုက်တဲ့ သွင်ဟန်သစ်က သူ့သားကို လက်ကမချတာပါ။ မိန်းမကိုလည်း ရှယ်ချစ်တာတွေမြင်ရ ဖတ်ရ စောင်ကိုက်ရမှာပါ။ ပြီးတော့ ခပ်မ...