သူစိမ်းတို့ရဲ့အလယ်မှာ

867 21 0
                                    

(၄၅)

""မင်း!! တောက်စ် ပေါ်လာရဲသေးတယ် ခွေးသား""

မျက်နှာပြောင်တိုက်ကာ ပေါ်လာရဲသေးသည့် ဒင်းရဲ့ မျက်ခွက်ကိုမြင်ရသည်နှင့် ဆူပွက်လာသည့် ဒေါသတွေကြောင့် ဟန်သစ် လက်သီးဆုပ်မိသည်။ ထို့အတူ ဝုန်းခနဲ မတ်တပ်ထရပ်ရင်း ခြေလှမ်းတွေကို စတင်လိုက်သည်။ ဒီတစ်ခေါက်တော့ ဒင်းကို အစိပ်စိပ်အမွှာမွှာ ဖြစ်အောင် အမှုန့်ကြိတ်ပစ်မည်။ သူ့ဆီကနေ အသက်ကို လုယူသွားတဲ့ ကြာကူလီကောင်ကို ဒီတစ်ခါ အရှင်ထားမည်မဟုတ်။ ဒင်းနဲ့အသက်ပျော်နေတာကို သူ့အနေနဲ့ ရင်ကွဲခံပြီး မကြည့်ပေးနိုင်ပါ။ ထို့ကြောင့် မိမိရှေ့ ထပ်လာရဲသေးသည့် ဒင်းကို တခါတည်း သတ်ပစ်မည်။

""ကြာကူလီကောင် သူတောင်းစား!!!""

"'မဟုတ်ဘူး!!! ငယ်လေး မလုပ်နဲ့"'

"ကျွန်တော့်မှာအပြစ်ရှိပါတယ် ဒါပေမဲ့ ရှင်းပြတာကိုတော့ ခဏလေး နားထောင်ပေးပါ ကိုသွင်ဟန်သစ်"

""ဖယ်စမ်း!! ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါနဲ့""

"'မမတောင်းပန်ပါတယ် ငယ်လေးရယ် စိတ်လျှော့နော် စကားပြောကြရအောင် နော်"'

လက်တစ်ခုလုံး ရှိသမျှသွေးကြောတွေ ပေါ်လာသည်အထိ လက်သီးကို ကျစ်နေအောင်ဆုပ်ပြီး နွေဒီမင်းကို ထိုးမယ်တကဲကဲဖြစ်နေသော ငယ်လေးကြောင့် မြိုင် မနေသာပဲ ဝင်တားရတော့သည်။ ဒေါသကြောင့် အံတကြိတ်ကြိတ်နှင့် ငယ်လေး၏ ပုံစံက သတ်တော့ဖြတ်တော့မလို ကြောက်စရာကောင်းနေသည်။ တကယ်လို့ မြိုင်သာ ကာဆီးပြီး ဝင်မတားရင် နွေဒီမင်းအတွက်တော့ မတွေးရဲစရာအတိ။ မိသားစုကို ထိခိုက်ခံထားရတာမို့ ငယ်လေးဟာ အတော်လေး နာကျင်ခံပြင်းနေသည်ထင်ပါရဲ့။ တကယ်တော့ ဒါတွေ အားလုံးဟာ မြိုင့်ရဲ့ အပြစ်တွေကြောင့်ဖြစ်လာရခြင်း။

"ရှင်းပြတာကို နားထောင်ပြီးရင် ကျွန်တော့်ကို ကြိုက်သလိုလုပ်ပါ"

"'စိတ်အေးအေးထားနော် ငယ်လေး အခု မမမြိုင်တို့ပြောတာကို သေချာလေးနားထောင်ပေး ပြီးရင် ငယ်လေးရဲ့သဘောပါ"'

""ဟင်းးးးး ကျစ် ဟူးးးး ပြော""

စိတ်သွားတိုင်း ကိုယ်မပါတဲ့ အခြေအနေမို့ ဟန်သစ် စိတ်လျှော့ပြီး ပြန်ထိုင်ချလိုက်ရသည်။ မီးတောက်လို ဝုန်းခနဲထတောက်သည့် ဒေါသကြောင့် သူ့ခေါင်းကချက်ချင်းနောက်ကျိကိုက်ခဲသွားသည်။ အခုတလော စိတ်ရောကိုယ်ပါ ကျန်းမာရေးက သိပ်အဆင်မပြေပေ။ နဖူးကို လက်ဖြင့် ခပ်ဖြေးဖြေးနှိပ်ရင်း မမမြိုင်နှင့် ဟိုကောင်ဆီမှ ထွက်ကျလာမည့်စကားသံကို အာရုံစိုက်ထားလိုက်၏။

သူစိမ်းတို့ရဲ့အလယ်မှာМесто, где живут истории. Откройте их для себя