(၂၂)
"အဲ့တာထူးမှမထူးဆန်းပဲ"
ခုံအလွတ်တစ်နေရာမှာ ဝင်ထိုင်ပြီး ခပ်ဆတ်ဆတ်ပြောလာသည့် အငယ်ကောင်ရဲ့ လေသံက မကျေနပ်နေမှန်းသိသာသည်။ ထို့ကြောင့် ဂရုမစိုက်စွာဖြင့် ပတ္တမြား မျက်နှာကို ချီမော့ထားရလေ၏။ ရွာတော်တော်များများကို နှစ်စဉ်နှစ်တိုင်း အိမ်တော်ကနေ ရာဘာခြံ၊ လယ်တွေ အငှားပေးသည်။ ရာဘာခြစ်ချိန်ကျ စားစရိတ်ဖယ်ပြီး ကျန်သည့်အမြတ်အစွန်းအားလုံးကို သူမအနေနဲ့ အကုန်သိမ်းယူသည်။ ထို့အတူ လယ်ထွက် ပစ္စည်းဖြစ်သည့် စပါးကို လယ်ခအနေနဲ့ ဧကအလိုက် ထွက်သမျှ အကုန်ပြန်သိမ်းယူခြင်းဖြစ်၏။ အငှားယူထားသည့် လယ်သမားတွေကို ဝမ်းစာပဲပြန်ပေးသည်။ ဒါ သူမလုပ်နေကျ ထုံးစံပဲ။ ဒင်းရဲ့လက်ထဲ အရာရာရောက်သွားတော့မှ သူမရဲ့ အစီအစဉ်တွေ ပျက်ကုန်တော့တာ။ သို့ပေမယ့်လို့ သူမရဲ့လက်အောက်မှာ တချို့နေရာတွေက ရှိနေဆဲပါပဲ။
""တမင်ခေါင်းပုံဖြတ်နေတာနဲ့တူနေတယ် မမကြီးရဲ့ အထူးသဖြင့် အိုကြီးအိုမလူတွေရဲ့ လယ်တွေကိုသိမ်းတာက အရမ်းရုပ်ပေါက်တယ်""
"ဟဲ့ အချိန်တန်ရင် လယ်ခပေးရတာ သူတို့သိထားတဲ့ကိစ္စပဲ မပေးနိုင်လို့ ငါသိမ်းတာ ဘာဖြစ်လဲ"
""ဒါတွေက မမကြီးနဲ့ မဆိုင်တော့ဘူး ကျွန်တော်နဲ့ပဲဆိုင်တော့တာ ဝင်မစွက်ရင်ကောင်းမယ်""
"နင်ကကြေးခွဲနေတာလား သွင်ဟန်သစ်"
"'ဟဲ့ ဟဲ့ နီနီ စိတ်လျှော့ပါ ငယ်လေးကလဲ ကိုယ့်အစ်မကို ပြေပြေလည်လည် ပြောပါနော်"'
လက်ပိုက်လျက်သားဖြင့် မာန်ပါပါပြောနေသည့် နီနီနှင့် ဒေါသသံဖြင့် ဟိန်းဟောက်နေသည့် ငယ်လေးကိုကြည့်ပြီး မြိုင် ဘယ်သူ့ဘက်ကို လိုက်ရမယ်မသိ။ သို့သော်လည်း ငယ်လေးက မိမိသဘောကျရသူမို့ သူ့လက်မောင်းကို ခပ်ညုညုထိရင်း ပလီပလာလုပ်ပေးရသည်။ နီနီကတော့ သူငယ်ချင်းပဲမို့ လိုက်စရာမလိုပါဘူး။ သူ့ကိစ္စ သူ ရှင်းလိမ့်မည်။ ကိုယ့်သူငယ်ချင်းကိုယ် ယုံပြီးသား။
""မမမြိုင် သူများမောင်နှမကြား ဝင်မရှုပ်ရင်ကောင်းမယ်နော် ထွက်သွားပါ""
VOCÊ ESTÁ LENDO
သူစိမ်းတို့ရဲ့အလယ်မှာ
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ဆုံကြပြီး မှောက်မှားသွားကြတဲ့ သူတို့နှစ်ဦး။ ဒါပေမဲ့ သူ့ တာဝန်ရှိတယ်ဆိုပြီး မဏိသက်ကို တာဝန်ယူပေးလိုက်တဲ့ သွင်ဟန်သစ်က သူ့သားကို လက်ကမချတာပါ။ မိန်းမကိုလည်း ရှယ်ချစ်တာတွေမြင်ရ ဖတ်ရ စောင်ကိုက်ရမှာပါ။ ပြီးတော့ ခပ်မ...