(၂၇)
""ဘာ!!!""
"ဟုတ် ဟုတ်ပါတယ် သခင်ကြီး အဲ့နေ့က သခင်လေးကိုထိန်းရင်း ခေသီ ကိုယ်တိုင် တွေ့ခဲ့ကြားခဲ့တာပါ"
""အေး ဒါတွေသန့်ရှင်းရေးလုပ်ထားလိုက်""
နားဖို့ပင် မတွေးတော့ပဲ ခြေလှမ်းကျဲကြီးတွေနှင့် ပြန်ထွက်ခဲ့သည်က မမကြီးဆီကိုဖြစ်သည်။ များသွားပြီ။ ဒီလောက်ဆို မမကြီးသည် လွန်နေပြီဖြစ်သည်။ အသက်နှင့်သားလေးသာ တစ်ခုခု ထိခိုက်လို့ကတော့ မမကြီးဖြစ်နေလည်း သူ ဂရုစိုက်တော့မှာမဟုတ်ချေ။ ဘာကြောင့် မောင်းထုတ်ရသလဲ။ အသက်က သူ့မိန်းမဖြစ်နေတဲ့ ကိစ္စကို မောင်းထုတ်ရဲသည့် သတ္တိက အံ့ဩစရာပဲ။ အင်္ကျီလက်ကို တံတောင်ဆစ်ထိ ခေါက်တင်ရင်း လျှောက်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အခန်းဝတည့်တည့်မှာ မမကြီးနှင့် ထိပ်တိုက်တိုးသည်။
""မမကြီး!!!""
"'ဘာကိစ္စလဲ အငယ်ကောင် မြိုင့်ကိုထားပစ်ခဲ့ပြီး ငါ့မျက်နှာကိုရစရာမရှိတော့အောင် အရှက်ခွဲပစ်ခဲ့တာလား"'
""အသက်နဲ့သားလေး ဘယ်မလဲ""
"'ငါ ငါ ဘာသိမလဲ"'
မည်းနက်နေသည့် မျက်ခုံးတွေကို ကွေ့ကောက်သည်အထိ တွန့်ချိုးထားပြီး မေးလာသည့် အငယ်ကောင်၏ မျက်လုံးတောက်တောက်တွေကို အကြည့်လွှဲရင်း ပတ္တမြား ပြန်ဖြေလိုက်သည်။ သူခိုးဖမ်းသလို စိုက်ကြည့်နေသည့် ဒင်းရဲ့အကြည့်တွေကြောင့် အလိုလိုနေရင်း သူမ လိပ်ပြာမလုံချင်ပါ။ ခြေချိတ်လျက် ခုံပေါ်ဝင်ထိုင်ရင်း ခပ်ဆောင့်ဆောင့် ကြည့်နေပုံက သေချာပေါက် သိနေသည့်အထာနှင့်။ မိမိဆီကို ဦးတည်ရောက်လာပုံထောက်တော့ ရတနာနီနီရဲ့ ပယောဂသာဖြစ်လိမ့်မည်။
""မောင်းထုတ်လိုက်တယ်ဆို""
"'နင် ရူးနေလား"'
""မမကြီးသာရူးနေတာ ကျွန်တော့်မိန်းမကိုများ ဘယ်သတ္တိနဲ့မောင်းထုတ်ရဲလိုက်တာလဲ""
အသံကို အတတ်နိုင်ဆုံးတင်းရင်း ငေါက်ပြောလိုက်တော့ အကြည့်လွှဲထားသည့် မမကြီးက အံ့ဩသွားသလို မျက်လုံးလှန်ပြီး ကြည့်လာသည်။ မသိရင် သူမလုပ်ထားသည့် ဆိုဒ်မျိုး။ ရအောင် လိမ်သေးသည်။ သို့သော် သူကလည်း သက်သေနှင့်တကွ သိထားတော့ ခက်သည်။ ဒီတခေါက်တော့ မမကြီးလည်း သူ့အပြစ်သူခံရမယ်။
VOUS LISEZ
သူစိမ်းတို့ရဲ့အလယ်မှာ
Roman d'amourမထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ဆုံကြပြီး မှောက်မှားသွားကြတဲ့ သူတို့နှစ်ဦး။ ဒါပေမဲ့ သူ့ တာဝန်ရှိတယ်ဆိုပြီး မဏိသက်ကို တာဝန်ယူပေးလိုက်တဲ့ သွင်ဟန်သစ်က သူ့သားကို လက်ကမချတာပါ။ မိန်းမကိုလည်း ရှယ်ချစ်တာတွေမြင်ရ ဖတ်ရ စောင်ကိုက်ရမှာပါ။ ပြီးတော့ ခပ်မ...