Uni
စာအုပ်ရာဇဝင်က ဤသို့ ဆိုသည်။
[ငရဲမှာ အင်အားကြီးမကောင်းဆိုးဝါးတစ်ကောင်ရှိသည်။ သူ၏မျက်လုံးများက နီရဲနေပြီး သွားများက ချွန်ထက်နေသည်။ သူသည် လောက၏ အမှောင်ဘက်ခြမ်းကို အုပ်စိုးခြယ်လှယ်ပြီး လူတွေ၏ လျှို့ဝှက်ချက်တွေကိုလည်း သိသည်ဟု ဆိုကြသည်။ အချို့ကိုးကွယ်ယုံကြည်သူများက ထိုမကောင်းဆိုးဝါးကို ရုပ်ဝတ္ထုထု၍ ကိုးကွယ်ကြသည်။
ထိုသူ၏ ရုပ်ထုကို ဝက်သစ်ချသားဖြင့်ပြုလုပ်ပြီး လူသွေးစွန်းထားသော အချွန်ဖြင့် ထွင်းလေ့ရှိသည်။ တိရစ္ဆာန်အဆီတို့ဖြင့် မွမ်းမံထားပြီး နှလုံးသွေးဖြင့် ဆေးခြယ်ရသည်။ သူ၏ ရုပ်ထုအတွင်းသို့ လူ သို့မဟုတ် တိရိစ္ဆာန် ခန္ဓာကိုယ် အစိတ်အပိုင်းများ သွပ်သွင်းရသည့်အပြင် သူ၏ ဝမ်းဗိုက်၌ ဓားတစ်ချောင်းစိုက်ထားရသည်။ ထိုမကောင်းဆိုးဝါး၏ ကြင်ရာတော်သည် ပျောက်ဆုံးနေသည်။ ထိုသူသည် သူ့ကြင်ရာတော်ကို ရှာဖွေရန်အလို့ငှာ သေသူနှင့်ရှင်သူတို့၏ လောကနှစ်ခုကြား ငရဲတံခါးကို ဟထားသည်ဟု ဆိုသည်။
ဤ Game သည် ထိုသူ၏ ကြင်ရာဟန်ဆောင်ကာ ထိုလောကတွင်းသို့ဝင်ရောက်၍ မကောင်းဆိုးဝါးမရိပ်မိခင် ဒီဘက်လောကသို့ ပြန်လာရမည့် Game အမျိုးအစားဖြစ်သည်။ သင်သည် ထိုသူအား သင်လိုရာတစ်ခုခု တောင်းဆိုနိုင်သည်။ သင်သိလိုရာမေးနိုင်သည်။ ထိုသူသည် သင့်အား အကုန်ပေးအပ်၊ ပြောပြမည်ဖြစ်သည်။
"ဤစာအုပ်ကို ဖွင့်ချိန်မှစ၍ ဂိမ်းသည် စတင်ပြီဖြစ်သည်။"
- ဖယောင်းတိုင်သုံးတိုင်ကို ယူပါ
- တိုင်ကပ်နာရီက ၁၂ ပတ်ဝန်းကျင်တွင် ရှိနေလိမ့်မည်
- မှန်ရှေ့တည့်တည့်မှာထိုင်ပါ
- အနီးအနားမှာ ကျဉ်းမြောင်းသောနေရာတစ်ခု၏ တံခါးတစ်ချပ်ရှိသည်
- ဖယောင်းတိုင်ကိုထွန်းပြီး ဒီဂါထာကို ရွတ်လိုက်ပါ
- ပြီးသည်နှင့် စာအုပ်ကိုယူ၊ မျက်စိကို မှိတ်ပြီး တံခါးဆီသွားပါ
- တံခါးပွင့်တာနဲ့ ဟိုဘက်လောကဆီရောက်ပါပြီ
- မျက်နှာအုပ်ပဝါကို လုံးဝမဖွင့်ပါနဲ့
YOU ARE READING
Love Death (Completed)