Twenty Three

1.1K 149 9
                                    

Uni

တစ်ယောက်တည်းထွက်လာပြီးတော့မှ ဘာကိုကြောက်နေဦးမှာလဲ။ အံကိုကြိတ်ပြီး တိုးထွက်လာခဲ့ပေမဲ့ လေတိုက်တိုင်း မျက်ရည်က ဝေ့ချင်သည်။ ဝေယံ တကယ်တော့ အရမ်းကြောက်တတ်ခဲ့ပါသည်။ လေတိုက်လို့ တံခါးလှုပ်ရင်တောင် fame နောက်မှာဝင်ပုန်းလိုက်ရမှ။ သူ့ရဲ့ သရဲကြောက်တတ်မှုက အဲ့ဒီလောက်ထိ ဆိုးပေမဲ့ fame ရော ဟိုလူပါ မရှိတာမို့ ကြောက်ပြနေလို့ မရတာ သူသိသည်။

ကားနဲ့လာတုန်းက တစ်ခေါက်ပဲကြည့်ထားပေမဲ့ ဒီလမ်းထဲမှာ တိတ်ဆိတ်နေသော အိမ်ရာများနဲ့ ပြည့်နေကြောင်း သူသိသည်။ ဒီလမ်းကို ဖြတ်ပြီးသွားရင်တော့ လမ်းမကြီးကို ရောက်သွားလိမ့်မည်။ အဲ့ဒီမှာ သူ ကိုကို့ဆီကို ဖုန်းခေါ်လို့ရသည်။

ဘုရားရေ ရောက်ခါနီးပါပြီ ခဏပါပဲ

သူ့စိတ်သူအားတင်းလိုက်ပေမဲ့ အရည်ပျော်တာ ပိုမြန်လာပြီဖြစ်သော ကျောက်တုံးက သေးသေးလေးသာရှိတော့သည်။ အနက်ရောင်အရည်စက်လေးများသည် သူ့လက်မှာပေကျံနေဆဲဆိုပေမဲ့ ဝေယံ မသုတ်ပစ်ရဲပေ။

လမ်းကလေတွေက ပိုပြီးအေးစိမ့်လာသည်။ သူ့လက်ချောင်းတွေတောင်မှ သွေးမရှိတော့သလို ဖျော့တော့နေပြီဖြစ်ပြီး နေသိပ်မကောင်းသေးသည့် ခန္ဓာကိုယ်က အအေးဓာတ်ကို ခံနိုင်ရည် သိပ်မရှိပေ။

"ဝေယံ"

"ဟင်"

ခပ်သွက်သွက်သွားနေရာမှ သူတုံ့ခနဲ ဖြစ်သွားသည်။ ဒီအသံ... ဒီအသံကို သူသိသည်။

အနောက်ကိုလှည့်ကြည့်ပေမဲ့ လမ်းမက ပြောင်ရှင်းနေသည်။ ကားတစ်စီးတောင်ရပ်နေခြင်းမရှိတ‌ာကြောင့် သူ တွေဝေစွာ ရပ်နေမိသည်။ တခြားအသံသာဆို ချက်ချင်း ထွက်ပြေးမိလောက်ပေမဲ့ ဒီအသံက

"Fame လား မင်း ဘယ်မှာလဲ"

တိုးတိုးလေး ရေရွတ်လိုက်ချိန် သူ့ဘယ်ဘက်နားဆီကပ်ပြီး တစ်စုံတစ်ယောက် ရှိုက်ငိုသွားသည့် အသံအား ကြားလိုက်ရသည်။ ဟင့်ခနဲအသံကို သေချာကြားလိုက်ရပေမဲ့ သူ မသေချာ။ fame ကို ဘာဖြစ်လို့များ ရှာမတွေ့တာလဲ။

Fame က နိုးလာနိုင်ခဲ့ရဲ့သားနဲ့ သူ မကာကွယ်ပေးနိုင်လို့ သေသွားတာဆိုတဲ့ အယူအဆက သူ့စိတ်ထဲမှာ ပုန်းအောင်းနေသည်။ Hudson နဲ့အတူတူရှိနေတဲ့နေ့ရက်တွေထဲ သူ အဆင်ပြေနေခဲ့တယ်ဆိုတာက ဆေးကြောင့် ဘာကိုမှ ဂရုမစိုက်နိုင်ခဲ့လို့ဖြစ်သည်။ ဒါပေမဲ့ အခုတော့ သူ့အသိစိတ်က ရှင်းလင်းနေသည်။ ဒါကြောင့် fame အသံကြားတာနဲ့ ကိုယ့်အန္တရာယ်ကိုယ်တောင် မေ့သွားသည်အထိ ဖြစ်သွားတာပင်။

Love Death (Completed)Where stories live. Discover now