Nine

1.2K 139 12
                                    

Uni

"ကျွန်တော်... ကျွန်တော်"

ကောင်လေးအသံက မဝံ့မရဲဖြစ်နေပေမဲ့ သတ္တိတစ်ပိုင်းတစ်စလည်း ပါနေခဲ့သည်။

"အပြင်ခဏသွားလိုက်ဦးမယ် ဒီမှာ စောင့်နေနော်"

စာအုပ်ကို တင်းတင်းကြပ်ကြပ်ပိုက်ရင်း ထိုကောင်လေးက အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ကြမ်းပြင်တလျှောက် တရွတ်တိုက်ပါသွားသော ဂါဝန်စအဖြူတွေကိုကြည့်ရင်း တစ္ဆေ၏ မျက်ဝန်းတွေက ငြိမ်သက်နေသည်။

သူ ဆိုဖာပေါ်သွားထိုင်လိုက်တော့ ပုံမှန်ဖြစ်သယောင် ဟန်ဆောင်ထားသည့် အခန်းက တဖြည်းဖြည်းပြိုကျလာသည်။ အရာအားလုံးသည် ယိုရွဲပျက်စီးနေကာ အခန်းတစ်ခုလုံး အလောင်းတွေနှင့်ချည်း ပြည့်နှက်နေသည်။ အလောင်းတွေကို ပိတ်အဖြူစနဲ့ပတ်ထားကာ ကျိန်စာစာလုံးတွေကို ထိုအပေါ်မှာရေးထားသည်။ ‌

ကာလရှည်လျားသောအခါ ထိုအသွေးအသားများသည် ရိရွဲလာပြီး အခန်းတစ်ခုလုံးကို ဘာမှန်း‌မသိသည့်ခပ်နီနီအရာများနှင့် ဖုံးလွှမ်းသွားစေသည်။ တစ္ဆေက လက်ကို ဖြန့်လိုက်သည့်အခါ သူ့လက်ထဲမှာ ဓားတစ်ချောင်းရှိနေခဲ့သည်။ သူထိုင်နေသည့် ဆိုဖာသည် အရိုးများဖြင့် ပြုလုပ်ထားပြီး နံရံအနှံ့ချောင်းမြောင်းနေသည့် မျက်လုံးတွေက ဟိုမှဒီမှ ပျံ့နှံ့နေသည်။ အနီရောင်အလင်းထဲကို ချောင်းမြောင်းကြည့်ရှုရင်း သခင်ဖြစ်သူ၏ အမိန့်ကို စောင့်နေကြသည့်အလား။

တစ္ဆေသည် အရင်ကစားသမားများ၏ အလောင်းပုံကို ဓားနဲ့တစ်ချက် ထိုးကစားလိုက်သည်။ အလွန်တရာကျေနပ်ခြင်းနဲ့ ပျော်ရွှင်မှုက သူ့လက်တွေကို အဆမတန်တုန်ယင်စေကာ သူ၏ သွေးဆာနေပုံရသော ရူးကြောင်ကြောင်မျက်လုံးများကို ပို၍ ကြောက်စရာကောင်းလာစေသည်။ ကောင်လေးရှိစဉ်က ကြည့်ကောင်းအောင် ထိန်းချုပ်ဖန်တီးထားသော အရာများမှာ အခုတော့ ပကတိအတိုင်း ကြည့်ရဆိုးစွာဖြင့် တည်ရှိနေကြသည်။

တစ္ဆေက အချိန်အကြာကြီး ပြုံးနေခဲ့သည်။ အဲ့ဒီစာအုပ်ကို ကောင်လေး ဖွင့်လိုက်ကတည်းက သူသိသည်။ ဒီတစ်ခါ ကစားသမားက အရင်လို အသုံးမဝင်တဲ့ အယောင်ဆောင်ကောင်တွေမဟုတ်ပေ။ ထိုသူက သူ့လူဖြစ်သည်။ သူအကြာကြီး စောင့်ခဲ့ရတဲ့လူက နောက်ဆုံးမှာမှ ငါးစာလာဟပ်ခဲ့သည်ပဲ။ ဒါကြောင့် သူ ဘယ်လိုမှ အလွတ်မပေးနိုင်။

Love Death (Completed)Where stories live. Discover now