Nineteen

1.1K 139 23
                                    

Uni

ဒီလိုနဲ့ရက်နည်းနည်းကြာသွားတော့ ဝေယံ ဆေးရုံဆင်းရသည်။ ဝေယံ့မိသားစုက ဝေယံ့ကို Hudson ဆီမှာထားပြီး ဆေးဆက်ကုဖို့ သဘောတူခဲ့သည်။ ဒီသဘောတူညီချက်က ဝေယံ့ကို Hudson လက်ထဲ လုံးဝအပ်ခဲ့သလိုပင်။ မာန်ဝင့်ထည်ကတော့ သူ့ညီကို ဒီလိုအပ်ထားရတာမျိုး သဘောမကျပေမဲ့ တစ်မိသားစုလုံးက သဘောတူနေတော့ သူလည်း မတတ်နိုင်ခဲ့ပေ။ နောက်ပြီး ဝေယံကိုယ်တိုင်ကကို Hudson နဲ့နေရမှာပျော်နေသည်။

တစ်ချိန်ချိန်ကျရင်တော့ ဒီကလေးနှစ်ယောက်ကို လက်ထပ်ပေးရတာမျိုး ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းကာ အကုန်လုံးက သက်ပြင်းဖွဖွချကြသည်။ ဘာပဲဖြစ်ဖြစ် Hudson က လူကောင်းလေးမို့ သူတို့ စိတ်သက်သာရာ ရသည်ပဲ။

အဲ့ဒီနေ့့က မိုးအုံ့နေသည်။ မနက်ပိုင်းမှာ နှင်းနည်းနည်းကျထားသည်မို့ ရာသီဥတုက အေးစက်စက်နှင့် နေရောင်လည်း မမြင်ရပေ။ ဝေယံက Hudson ကားထဲမှာ ငြိမ်ငြိမ်သက်သက်လေးလိုက်လာကာ ဘေးဘီက မြင်ကွင်းတွေကို ငေးနေသည်။ ခုတလော ဝေယံ့စိတ်တွေ ပြန်ပြီးလန်းဆန်းလာတာများသည်။ fame နဲ့ ညတိုင်း အိပ်မက်ထဲမှာတွေ့ရလို့ဖြစ်နိုင်သည်။ သို့သော် fame က သူ့ကိုတစ်ခုခုစိတ်ဆိုးနေသည့်ပုံပင်။ ဘာစကားမှမပြောဘဲ စာရွက်တွေကို လေယာဉ်ပျံလုပ်ကာ ကစားနေသည်။ သူ့လေယာဉ်ပျံ‌ေတွသည် သူတို့နိုင်ငံရှိရာအရပ်ဆီသို့ပျံဝဲသွားလေ့ရှိသည်။ Fame လေး အိမ်လွမ်းနေတာများလား။

"ဘာတွေတွေးနေတာလဲ ကလေးလေး"

ဘေးနားက အသံထွက်လာမှသာ ဝေယံက Hudson ကိုလှည့်ကြည့်ရင်း ပြုံးသည်။ ဆံပင်ဝါဝါနဲ့ကောင်လေးတစ်ယောက် သူ့ပုံတူအရုပ်ကိုပိုက်ကာ ပြုံးပြလာပုံက သိပ်ချစ်စရာကောင်းလွန်းသည်။ Hudson ပါ လိုက်ပြုံးမိသွား၏။

"ခဏနေအိမ်ရောက်တော့မှာ။ မင်းသဘောကျပါ့မလာ‌းတော့ မသိဘူး"

"ကျွန်တော် သဘောကျမှာပါ"

"ဟုတ်ပါပြီကွာ"

သိပ်မကြာလိုက်။ သူတို့ အိမ်အကြီးကြီးတစ်ခုဆီရောက်သွားသည်။ ဒီက လုံးချင်းအိမ်တွေသည် ဒီလိုစတိုင်ပဲလားမသိပေ။ မီးခိုးရောင်သစ်သားတွေနဲ့ဆောက်ထားပြီး အလွန်ကြီးမားကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့်ဖြစ်သည်။ အိမ်အတွင်းပိုင်းသည် အေးသည့်ရာသီဥတုအား ကြံ့ကြံ့ခံနုိင်စေရန် အနွေးဓာတ်ရသော ပစ္စည်းအတော်များများနှင့် ဆင်ယင်ထားသည်။

Love Death (Completed)Where stories live. Discover now