Uni
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်နှင့်မည်းမည်း ဖြစ်မနေတာသာရှိသည်။ အရာအားလုံးသည် ဓာတ်ပုံတစ်ခုအလား တိတ်ဆိတ်ငြိမ်သက်လျှက်။ သက်ရှိလူတစ်ဦးမှမရှိသည့်အလား အသက်ရှူသံကိုလည်း မကြားရ။ ဝေယံ့မှာ ကားထဲကလူကို ကြောက်၍သာ အလောတကြီး ပြေးဝင်လာလိုက်ရသည်။ ဟိုတယ်နှင့်တူသည့် အရိပ်အယောင်မျိုး ဒီမှာမမြင်ရ။ ဝင်လာချင်စရာလည်း မကောင်း။
တံခါးကလည်း သော့ခတ်ထားတာမျိုးမရှိသည့်အပြင် အစောင့်ဟူ၍လည်း တစ်ယောက်မှမရှိ။ အိမ်က ဟောင်းနေတော့ပိုဆိုးသည်။ ဒါ့အပြင် တံခါးဖွင့်လိုက်တာနဲ့ ထောင်းခနဲထသော သံနံ့တွေ။ သွေးနံ့တွေတောင် ဖြစ်နိုင်နေသေးသည်။ ဆိုးဝါးသော သံကြေးနံ့ကြောင့် သူ ကြောက်လည်းကြောက် စိုးလည်းစိုးရိမ်သွားရသည်။
Fame ဘာဖြစ်သွားပြီလဲ?
"Fame မင်း ဘယ်မှာလဲ"
"မသိဘူး... ငါ"
"မဟုတ်ဘူး မင်းခန္ဓာကိုယ် အဲ.. အင်း အဲ့တာကိုမေးတာ"
"အိပ်ခန်းကိုသွား ဝေယံ အပေါ်ထပ်မှာ လှေကားကတက်တက်ချင်းအခန်း"
"အင်း"
ဖုန်းကိုသတိရပြီးမေးလိုက်တော့မှ ဝေယံ ဘယ်ကိုသွားရမလဲ သိတော့သည်။ အိမ်ကို ပြန်ကြည့်လိုက်တော့ မီးကို ထိန်နေအောင် ထွန်းထားပေမဲ့ တစ်မျိုးကြီး။
သူအားတင်းပြီး အပေါ်ထပ်တက်လာခဲ့သည်။ လှေကားကတက်တက်ချင်းအခန်းကို တံခါးဖွင့်လိုက်တော့ အခန်းထဲက မြင်ကွင်းက သူ့ကိုတွန့်ဆုတ်သွားစေသည်။
ဒီအခန်းမှာ မီးထွန်းမထားပေ။ ဖယောင်းတိုင်သုံးတိုင်က မှန်ရှေ့မှာ မီးထွန်းလျှက်ရှိကာ မှန်ထဲ၌ အမှောင်ထုနှင့် ဖယောင်းတိုင်အလင်းက ရောနှောထင်ဟပ်နေသည်။ Fame ဖတ်ပြခဲ့သည့် စာအုပ်က ပွင့်လျက်ရှိပြီး နာရီလက်တံက ၁:၃၀ မှ ရှေ့ဆက်သွားချင်သော်ငြား တစ်ခုခုက ဆွဲထားသလိုပင်။ ရှေ့သို့ တဆတ်ဆတ်ခုန်နေသော်ငြား ရှေ့မရောက်။
Fame က ထိုင်ခုံမှာထိုင်နေသည်။ သူ့မျက်ဝန်းများက အဖြူသားပေါ်နေကာ ဖယောင်းတိုင်မီးကြောင့် ပိုလို့ပင် ကြောက်စရာကောင်းနေသေးသည်။ လက်တစ်ဖက်က ဓားမြောင်ကိုကိုင်ထားကာ နောက်လက်တစ်ဖက်၏ လက်ညှိုးဆီမှ သွေးစက်များက စာအုပ်ဆီသို့ စိမ့်ဝင်သွားသည်။
YOU ARE READING
Love Death (Completed)