Sixteen

1.1K 144 1
                                    

Uni

"ဆေးရုံမီးလောင်နေလို့"

တစ်မြို့လုံးမီးသတ်ကားသံတွေ ညံနေတော့ ဝေယံ့အခြေအနေက ပိုပိုဆိုးလာသည်။ သူက အခုပဲ fame ကိုကယ်တင်နိုင်မယ့်နည်းကို သိခဲ့တာဖြစ်သည်။ သာမန်လူတစ်ယောက်က မကောင်းဆိုးဝါးတွေနေတဲ့နေရာမှာ ကြာကြာနေလို့မရပေ။ အချိန်စေ့ရင် ပြန်လာလိမ့်မည်။ သူတို့လုပ်နိုင်တာအကုန်လုံးက fame ပြန်မလာခင် သူ့ခန္ဓာကိုယ်ကို စောင့်ရှောက်ထားရုံသာ။

Fame အိပ်မက်ထဲက လူက fame ကို ဒီဘက်လောကထဲပြန်မရောက်အောင် ဆွဲထားမှာတော့ သူ စိတ်ပူပေမဲ့ လောလောဆယ်တော့ fame ခန္ဓာကိုယ်ကို အရင်စောင့်ရှောက်ထားရမည်။ ပြီးမှ fame ကို ဟိုဘက်လောကက ကယ်ထုတ်နိုင်ရင် အဆင်ပြေပြီ။

ဒါပေမဲ့ ဆေးရုံမီးလောင်သည့်သတင်းက သူ့ကို တော်တော်လန့်သွားစေသည်။ အတွေးများတတ်သူမို့ Fame အခန်းမှာ ဖြစ်တာမဟုတ်ဖို့၊ အကယ်၍ လောင်ခဲ့ရင်တောင် fame ကိုမထိစေဖို့ သူ တဖွဖွဆုတောင်းနေမိသည်။ တကယ်တော့လည်း ကံတရားက ဒီလောက်ဆိုးဝါးတာမျိုးကို ရည်ရွယ်ချက်ရှိရှိ လုပ်မည်မထင်ပါ။ Fame ဒီလောက်ကံဆိုးနေတာ လုံလောက်ပြီမဟုတ်ဘူးလား။

သူတို့ဆေးရုံဆီရောက်တော့ အရာအားလုံးက ပြန်လည်ငြိမ်သက်သွားပြီဖြစ်ပြီး မီးလည်းငြိမ်းသွားခဲ့ပြီ။ ရဲအရာရှိတချို့သာ မီးလောင်မှုအရင်းအမြစ်ကို သိဖို့ သူနာပြုတချို့ကို စစ်ဆေးမေးမြန်းနေသည်။ ဝေယံ လမ်းလျှောက်ဖို့ အင်အားပင် မရှိတော့လောက်အောင် စိတ်ပူနေသော်ငြား ဆေးရုံကော်ရစ်တာတလျှောက် အမြန်ပြေးသွားခဲ့သည်။ သူ fame ကိုတွေ့ချင်သည်။ fame အဆင်ပြေနေတာ သူတွေ့ရမှ ဖြစ်မည်။

"Sorry sir, you can't enter this room."
"စိတ်မကောင်းပါဘူး။ ဒီအခန်းကို ဝင်လို့မဖြစ်ဘူး"

"ဘာလို့လဲ"

ဝေယံထိန်းထားသမျှ စိတ်တွေ ပြိုလဲကုန်သည်။ Fame အခန်းနားမှာ ရဲအရာရှိတွေနဲ့ စုံထောက်တွေဝိုင်းနေကြကာ မီးစလောက်သည့် သဲလွန်စကို ရှာနေတာဖြစ်သည်။ ဝေယံက တုန်တုန်ယင်ယင်ဖြင့်မေးသည်။

"Fame ‌ရော ဘယ်မှာလဲ။ သူ့ကို ကယ်လိုက်နိုင်တယ်မဟုတ်လား"

"He is a friend of Mr.Fame. Where is he? Is he okay?"
"သူက fame သူငယ်ချင်းပါ။ fame ရောဘယ်မှာလဲ။ သူ အဆင်ပြေလား"

Love Death (Completed)Where stories live. Discover now