Twenty Two

1.1K 137 6
                                    

Uni

"Don't make me mad. Let me go out"
"ငါ့ကို လမ်းပိတ်မထားနဲ့။ ဖယ်ပေး"

ဝေယံက တည်ငြိမ်ဟန်ဆောင်ကာ သူ့ရှေ့မှ ခြံစောင့်နှစ်ယောက်အား အမိန့်ပေးလိုက်သည်။ Hudson အလုပ်က ပြန်မလာခင် မြန်မြန်ထွက်ရမှာမလို့ သူ နည်းနည်းအလျင်လိုနေသည်။ အချိန်က နှစ်နာရီလောက်ကျန်သေးပေမဲ့ သူ လွတ်မြောက်ချင်စိတ်ကို ထိန်းမရတော့။ ဒါပေမဲ့ သူ ကောင်းကောင်းသိသည်။ သူ တည်ငြိမ်နေမှဖြစ်မည်။ အရေးအကြီးဆုံးအရာတွေကို လုပ်နေချိန်မှာ သူ တည်ငြိမ်နေမှဖြစ်မည်။

"I am sorry, Sir. May I ask you one thing. Did you get approval for this?"
"တဆိတ်လောက် မေးခွင့်ပြုပါဦး Sir, အပြင်ထွက်ဖို့က ခွင့်ပြုထားရဲ့လား"

"From whom? Him? I already let him know. I will go nowhere, just to my brother."
"ဘယ်သူက ခွင့်ပြုဖို့လိုတာလဲ။ သူလား။ ငါ သူ့ကို အသိပေးထားပြီးပြီ။ ပြီးတော့ ငါ ဘယ်မှလည်းသွားမှာ မဟုတ်ဘူး။ ငါ့အစ်ကိုဆီသွားမှာ"

"Are you sure he lets you go out?"
"သူက မင်းကိုခွင့်ပြုထားတယ်ဆိုတာ သေချာလို့လား"

အဆင်ပြေတော့မယ့်ဆဲဆဲ အနောက်က လူသံကြားလိုက်ရတာမို့ ဝေယံ စိတ်ပျက်သွားသည်။ ဘာဖြစ်လို့ ဒီအချိန်မှ အနှောက်အယှက်တွေ သိပ်များနေရတာလဲ။ သူ သတိဝင်နေသည့် အချိန်က အကန့်အသတ်ရှိသည်။ သူသာ ဆေးကြောင့် သတိပြန်လွတ်သွားခဲ့ရင် အပြင်ထွက်ခွင့်ရခဲ့ရင်တောင် ဟိုလူကိုပဲ ဖက်တွယ်နေတော့မှာ သူသိသည်။

"Oh why not? You know him more than me?"
"ဘာလို့မဟုတ်ရမှာလဲ ခင်ဗျားက သူ့ကို ကျွန်တော့်ထက် ပိုသိလို့လား"

ဝေယံ စိတ်ပေါက်ပေါက်နဲ့ပင် နောက်ကိုလှည့်ကာ Hudson လက်ထောက်ဆိုသူကို ခွန်းတုံ့ပြန်လိုက်သည်။

"Of course"
"ဒါပေါ့"

တစ်ဖက်ကလည်းနည်းနည်းမှ မလျှော့ပေ။ ထိုသူက ရိုကျိုးသော အမူအရာနှင့် သူ့နားကပ်လာသော်ငြား အပြောအဆိုက ဂရုတစိုက် မရှိလှပေ။

"Open the door"
"တံခါးကို ဖွင့်လိုက်"

တံခါးစောင့်နှစ်ယောက်ကအနည်းငယ် တွေဝေသွားသော်လည်း သူဌေးလက်ထောက်၏ အမိန့်ဖြစ်နေ၍ တံခါးဖွင့်လိုက်ကြသည်။ လေအေးတွေသည် ခြံတံခါးမှဝင်လာကာ ဝေယံ့ကို ဖြတ်တိုက်သွားသဖြင့် ဝေယံ့ကိုယ်လေး ဆတ်ခနဲတုန်ယင်သွားရသည်။ သူက သေချာနေပြန်ကောင်းသေးတာမဟုတ်။

Love Death (Completed)Where stories live. Discover now