Seventeen

1.1K 133 9
                                    

Uni

Disclaimer: ဤအပိုင်းပါ အဖြစ်အပျက်များသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ အစားအစာ စားနေချိန် ဖတ်ကြည့်ရန် မသင့်ပါ။

ညဘက်ရောက်လာသည်နှင့် ရာသီဥတုက ပို၍ အေးစက်လာသည်။ ဒီအချိန်မှာ ဘယ်သူကမှ အပြင်မှာရှိနေဖို့ စိတ်ကူးမရှိကြပေ။ ဒီရာသီရဲ့အအေးဓာတ်က ဘယ်သူ့ကိုမဆို အေးခဲသွားအောင် လုပ်နိုင်သည်။ သို့သော် အပြင်မှာ လူတစ်ယောက် ရှိနေခဲ့သည်။

Hudson က မြို့တစ်ခုလုံးအမှောင်ကျနေသော အချိန်ကို စောင့်ကာ သူ့ဟိုတယ်နောက်ရှိ တောအုပ်သို့ တည်ငြိမ်စွာ ထွက်လာခဲ့သည်။ သူနှင့်အတူ မှိန်ပျပျ မီးအိမ်တစ်ခုကိုလည်း ယူဆောင်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်မှောင်မည်းနေသည်။ သူသည် ထိုနေရာသို့ရောက်ရန် အချိန်အတော် ယူလိုက်ရသည်။ သို့သော် ဒီည သူ သိပ်စိတ်ရှည်နေသည်။

သူရှာနေသည့် တစ်စုံတစ်ခုသည် သစ်ပင်တစ်ခုကိုမှီ၍ ထုလုပ်ထားသော ရုပ်ထုတစ်ခုဖြစ်သည်။ ထိုရုပ်ထုက ရှုပ်ရှုပ်ထွေးထွေး ဘာမှမပါ။ ကျောက်တုံးပြောင်ချောတစ်ခုကို အနက်ရောင်ဆိုးကာ လူခေါင်းနှင့် လူကိုယ်ဟန် ထုလုပ်ထားခြင်းသာ။ ရိုးရှင်းလွန်းတော့လည်း သူ့ပုံသဏ္ဍာန်က အိပ်မက်ဆိုးတစ္ဆေတစ်ကောင်နှင့်တူနေသည်။ နောက်ပြီး သေချာကြည့်လျှင် ထို ရုပ်ထုအောက်ခြေသည် မြေပြင်နှင့်ထိမနေဘဲ မှိန်ဖျော့ပျောက်ကွယ်နေသည်ကို မြင်ရပေမည်။

Hudson က ရုပ်ထုကိုမြင်သည်နှင့် အနည်းငယ် ပြုံးကာ ဒူးထောက်လိုက်သည်။ ရုပ်ထုအရှေ့တည့်တည့်တွင် ယဇ်စင်တစ်ခုလို အဝိုင်းပုံ ကွန်ကရစ်ပြင်ကျယ်ကြီးရှိသည်။ ထိုပြင်ကျယ်ကြီးသည် သာမန်လူတို့ နားမလည်နိုင်သော ဘာသာစကားတို့ဖြင့် ခြယ်သထားခံရပြီး လှပသော လိုင်းများဖြင့် ရှုပ်ထွေးစွာ ဆက်စပ်ထားသည်။ အလယ်တွင် အသေစိုက်ထားသော ဓားတစ်ချောင်းရှိနေပြီး ကွန်ကရစ်ပြင်မှ လိုင်းများအားလုံးသည် ဤဓားကို ဗဟိုပြုနေသည်။

သစ်ရွက်ခြောက်တို့သည် Hudson ပြန်အထမှာ လွင့်ထွက်သွားကြပြီး ကွန်ကရစ်ပြင်ကျယ်ကြီးမှာ ရှင်းလင်းသွားတော့သည်။ Hudson က သူ့ကျောပိုးအိတ်ထဲမှ အနက်ရောင်ဝတ်ရုံတစ်ထည် ထုတ်ခြုံလိုက်သည်။ သူ့မျက်နှာမှာ အရယ်အပြုံးမရှိတော့ပေ။

Love Death (Completed)Où les histoires vivent. Découvrez maintenant